သူငယ်ချင်းသုံးယောက်ရှိခဲ့တယ်။
ဟိုးငယ်ငယ်လေးထဲကအမြစ်တွယ်လာတဲ့သံယောဇဥ်တွေနဲ့
တစ်ယောက်ကိုတစ်ယောက်ကာကွယ်ပေးရင်းအတူကြီးပြင်းလာခဲ့ကြတယ်။
ကျွန်တော်တို့ကြားမှာလျို့ဝှက်ချက်ဆိုတာမရှိဘူး။
ကျွန်တော်တို့ကြားမှာအားနည်းချက်ဆိုတာမရှိဘူး။
ကျွန်တော်တို့ကြားမှာပြသနာတွေမရှိဘူး။
ကျွန်တော်တို့ကြားမှာရှိခဲ့တာက အတူမက်ခဲ့ရတဲ့အိပ်မက်တွေရယ်.....။
တူညီလွန်းတဲ့အဖြူရောင်နှောင်ကြိုးတွေရယ်....။သူတို့ကကျွန်တော့်အတွက်တော့ကြယ်တွေလိုပါပဲ။
အချိန်မရွေးကြွေကြပေးဖို့အသင့်ရှ်ိနေခဲ့ကြသူတွေ။
ကျွန်တော်တို့သိပ်ချစ်ခဲ့ကြတယ်။တစ်စုံတစ်ယောက်ကို ချစ်မိသွားခြင်းရဲ့နောက်မှာ..
အရာအားလုံးကိုဆုံးရှူံးရမယ်မှန်းသိခဲ့ရင်....
အချစ်ဆိုတဲ့အရာနဲ့ကျွန်တော်ပက်သက်မိမယ်မထင်ဘူး။တစ်ကယ်တော့.....ကျွန်တော်တို့သုံးယောက်က
သံယောဇဥ်ဆိုတဲ့နွံအိုင်လေးထဲမှာ တစ်ဘဝလုံးနစ်မွန်းခဲ့ကြတာ......။"နင်က ငါပိုင်ဆိုင်ခွင့်မရှိတဲ့ရေစက်လေးပါ
စွန့်လွှတ်ရတာချင်းတူရင်တောင်မှဘယ်သူကပိုရှူံးတာလဲလို့မတွေးတော့ဘူး
နာကျင်ရတာချင်းတူရင်တောင်မှဘယ်သူကပိုပြီးသွေးထွက်လဲလို့မမေးတော့ဘူး
ဒီတစ်ခါဝေးပြီးရင် ငါတို့...ထပ်မဆုံဖြစ်တော့ဘူး"Lalisa Manoban
+++++++++++++++++++++++++++++" ဂျီဆူးအတွက်အရေးအပါဆုံးလူကဘယ်သူဖြစ်မလဲ "
" အားလုံးသိပြီးသားပါပဲ လာလီဆာပေါ့ "
" လာလီဆာအတွက်ကရော အရေးပါတဲ့လူက.....? "
" ဂျိန်း......ဂျင်းနီရူဘီဂျိန်း "
ကျွန်တော့်အဖြေကြောင့်သတင်းထောက်မလေးကဂျီဆူးကိုဖျတ်ခနဲလှမ်းကြည့်တယ်။ ဂျီဆူးကတော့သူ့ပုံစံအတိုင်းနားလည်ပါတယ်ဆိုတဲ့အပြုံးနဲ့.....။
စာရေးဆရာတစ်ယောက်ဖြစ်တဲ့ကျွန်တော်နဲ့ပန်းချီဆရာမဖြစ်တဲ့ဂျီဆူးကအချစ်ဆုံးသူငယ်ချင်းတွေပါ။
လာလီဆာလို့ပြောလိုက်တာနဲ့ကင်မ်ဂျီဆူးကိူတွဲမြင်တဲ့အထိ
ကျွန်တော်တို့နှစ်ယောက်ရဲ့ friendship ကို fanတွေကသိပ်အားကျတယ်။
ငယ်ငယ်လေးထဲကနေခုချိန်ထိနှောင်တွယ်လာခဲ့ရတဲ့သံယောဇဥ်ကသိပ်ခိုင်မြဲတယ်။
ဂျီဆူးနဲ့ကျွန်တော်ကဆုံးရှူံးရတာတွေသိပ်များလွန်းလို့
တစ်ယောက်ကိုတစ်ယောက်ပိုပြီးဖမ်းဆုပ်ထားကြရင်းနဲ့
ငယ်ငယ်ထဲကမက်ခဲ့ရတဲ့အိပ်မက်တွေကိုအတူရုန်းကန်ပြီး
အကောင်အထည်ဖော်ခဲ့ကြတယ်။
အခုလဲမဂ္ဂဇင်းတစ်ခုအတွက်အင်တာဗျူးဖြေဖို့ကိုတူတူလက်ခံခဲ့ကြတာ....။
YOU ARE READING
ငါရယ်.....နင်ရယ်.....သူရယ်.....
Fanfictionမြူတွေရဲ့တစ်ဖက်စွန်းမှာ ငါစောင့်နေမှာမို့လို့ ငါ့အရိပ်ကိုစိတ်နဲ့ဖမ်းယူရှာဖွေပါ ငါတို့ပြန်ဆုံကြမယ်မဟုတ်လား......