unicodechanyeol ကလေးတွေရဲ့တွတ်ထိုးနေမှုကို နားမထောင်တော့ပဲ ဆိုင်ပြင်ကမြင်နေရသည့် ခရမ်းရောင်လာဗန်ဒါပန်းများ၏ဆွဲဆောင်မှုအောက်ပါသွားသောကြောင့် ခြေထောက်တွေက ထိုသို့အလိုလိုရောက်သွားသည်။
"ဆရာ ဆရာ ဝင်မသွားပါနဲ့ဆို ဟာ"
ကျောင်းသူကလေးမနှစ်ယောက်ရဲ့ ခေါ်သံတွေကြားပါသော်လည်း စိတ်အာရုံမရ အမြင်အာရုံကိုဖမ်းစားထားသည့် ပန်းတွေဆီပင် chanyeolလဲ ဆိုင်တံခါးအားတွန်းဖွင့်ဝင်လာတော့ ခေါင်းလောင်းသံလေးနဲ့အတူ ဆိုင်အပြင်အဆင်က အနည်းငယ် ရှုပ်ပွနေပင်မဲ့ ပန်းပင်တွေက သိပ်လှတာမလို့ အမြင်အာရုံထဲ ပန်းကမ္ဘာထဲရောက်နေမိသည်။
"ဟားး လန်းဆန်းနေတာပဲ"
ပန်းနံ့သင်းသင်းလေးများအား တစ်ဝရှူရှိုက်ရင်း လန်းဆန်းတာမို့ စိတ်အမောပြေစေသည်
"ဟေ့"
"အမလေးဗျ"
မျက်စိစုံမှိတ်ကာ သာယာနေတုန်း အနောက်ဘက်မှခေါ်သံကြောင့် လန့်သွားရသည်။ အသံလာရာ လှည့်ကြည့်မိသော်လဲ မည်သူမှမရှိ ကြက်သီးပင်ထသွားရသည်။
"ဘာလား သရဲလားဟ"
"သရဲမဟုတ်ဘူး လူလူ"
"အမ်"
ပန်းပင်များအစုလိုက်ထားရှိရာ ဆိုင်ကောင်တာ အနောက်မှထွက်လာတဲ့လူ သရဲလို့ထင်သွားတာ တကယ်တော့ နတ်သားလေးဗျ
ဆံပင်က ခေတ်နောက်ပြန်mullet hariကို အနီရောင် အစင်းဒီဇိုင်းနဲ့ မျက်ဝန်းနက်တို့ကို အပြာရောင်မျက်ကပ်မှန် နှစ်ခုက ဖုံးကွယ်ထားပြီး ထိုလာရာအကြည့်စူးရှရှက အမည်မသိသော လှုပ်ခတ်ခြင်းကိုဖြစ်ပေါ်စေလာသည်။ အင်ကျီ ကိုရင်ဘတ်အဟိုက်ဖြစ်ရာ ဖြူဖွေးသော အသားအရေက ပနံသင့်စွာ တည်ရှိနေသည်။ ရင်ဘတ်ကအဟိုက်ဖြစ်ရာ ညှပ်ရိုးဖြူဖြူတို့ကထင်းကနဲ အရှင်လတ်လတ် နတ်ပြည်ရောက်သွားသလားပဲ ယော်ကျာ်းလေးတစ်ယောက်ကိုလှတယ်လို့ မတင်စားသင့်ပင်မဲ့ ဒီအမျိုးသားကတော့ တင်စားချင်စရာကောင်းလောက်အောင် လှရက်လွန်းသည်။စိတ်ထဲ ထိုအမျိုးသားရဲ့အလှအပကိုကဗျာတွေထစပ်ချင်လာတဲ့ ကိုရီးယားစာပေဆရာ ပတ်ချန်းယောလ်အဖြစ်ကို သိရင်ရယ်ကြလေမလား
လှရက်တာကလဲ လွန်တာကိုဗျ ဒီလိုအရိုင်းဆန်တဲ့အလှမျိုးက ထိုအမျိုးသားလေးမှာပဲရှိလောက်သည်။
![](https://img.wattpad.com/cover/299611386-288-k921571.jpg)
YOU ARE READING
မောင့်အရိုင်းပန်း(🇲 🇾 🇼 🇮 🇱 🇩 🇫 🇱 🇴 🇼 🇪 🇷 )
Fanfictionဘယ်ပန်းတွေ ဘယ်လောက် ယဉ်ပြီး လှနေပါစေ မောင့် အရိုင်းပန်းလောက် ဘယ်လှပါ လိမ့်မလဲ