Unicode
"ရားး ယူဟော့ ငါမလာပါဘူးလို့ပြောနေတာ ကို ဘာလို့ဇွတ်ခေါ်နေတာလဲ"
'မင်းကလဲ တစ်နှစ်မှာ တစ်ခါလောက်လေးကျင်းပတဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲလေးကိုကွာ'
"မလာပါဘူးလို့ဆိုနေ"
ယူဟော့ဆိုသည့် ဘတ်ဟျွန်း သူငယ်ချင်းမှာ သူငယ်ချင်းတွေ တွေ့ရဖို့အရေး အနှီး ဗြောင်ဘတ်ဟျွန်းကိုစည်းရုံးရသည်မှာ အသက်ထွက်တော့မည်~
'မင်းကလဲ ငါလာခေါ်ပါ့မယ်ကွာ'
"ငါလာရင်မင်းတို့ကောင်တွေက မင်းတို့ရည်းစားတွေနဲ့ပဲသာယာနေပြီးတော့များ ငါ့ကျစောက်ဖတ်မလုပ်ပဲနဲ့"
ဟုတ်ပါသည် ဒီကောင်တွေက မင်းပါမှပျော်ဖို့ကောင်းမှာဆိုပီး လိုက်သွားရင် ဟိုမှာ သူတို့ရည်းစားတွေနဲ့ပဲ တစ်တီးတူးနေကြသည်
'ရည်းစားထားပါဆိုတော့ကျ မထားပဲနဲ့မင်းက'
"ရားး ငါက တစ်ကိုယ်ထဲတောက်ပနေတာကွ မင်းတို့လိုမဟုတ်ဘူး"
'မရရင်မရဘူးပေါ့ကွာ ဟားဟား'
"ချွဲယူဟော့!!! သေချင်နေပီထင်တယ်"
ဒီကောင် သူ့ကိုလိုက်ဖို့ခေါ်နေတာလား တမင်ဖဲ့ဖို့ လာပြောနေသလားထင်ရသည်
'ဘာပဲဖစ်ဖစ် မင်းလာရမယ် စီနီယာ အွန်ဟူး ပါလာမှာ'
"ဘာ ! စီနီယာ တကယ်လာမှာလား"
'အေးဟုတ်တယ် အဲ့တော့ လာမှာလား'
"လာမယ်ကွာ ဘယ်နေ့ဘယ်အချိန်လဲပြော"
'ငါမက်ဆေ့ပို့ထားလိုက်မယ်'
"အေးဟုတ်ပီ"
စီနီယာ အွန်ဟူးဆိုသည်မှာ အထက်တန်းတုန်းက ဘတ်ဟျွန်း တစ်ဖက်သတ်ချစ်ခဲ့ရသူဖြစ်သည်~သို့သော် စီနီယာက ရည်းစား ရသွားသဖြင့် ဘတ်ဟျွန်းမှာ တော်တော် အသဲကွဲလိုက်ရသေးသည်
"အော် စီနီယာ အခုချိန်ဘလိုများဖစ်နေမလဲသိချင်မိသားအဟက်"
ဘတ်ဟျွန်းလဲတစ်ချိန်ကအတွေးများရောက်လာသဖြင့် ယူဟော့နဲ့ဖုန်းပြောပီး စောစောသာအိပ်ယာဝင်လိုက်သည်

YOU ARE READING
မောင့်အရိုင်းပန်း(🇲 🇾 🇼 🇮 🇱 🇩 🇫 🇱 🇴 🇼 🇪 🇷 )
Fanficဘယ်ပန်းတွေ ဘယ်လောက် ယဉ်ပြီး လှနေပါစေ မောင့် အရိုင်းပန်းလောက် ဘယ်လှပါ လိမ့်မလဲ