မောင့်အရိုင်းပန်း(၁)

312 32 0
                                    

unicode

Busanမြို့ရဲ့ သာယာလှပတဲ့မနက်ခင်းလေး လူမှုစာဝတ်နေရေးအတွက် လှုပ်ရှားကြသူ သူသူငှာငှာကတော့ ဆင်ခြေဖုံးရပ်ကွက်လေးရဲ့ မကျဉ်းမကျယ် လမ်းကြား အချို့မှာ တစ်စနှစ် မြင်နေရသည်။တစ်ဖြည်းဖြည်း နေရောင်ခြည်မြင့်တက်လာတာနဲ့လဲ အညီ လူတွေလဲပိုများလာသည်။မနက်ခင်းအစ နူးညံ့သာယာမှုနဲ့အတူ နှိုးစက်အကူ မလိုပဲ နိုးထလာတတ်တဲ့ ကျွန်တော်ကတော့ တစ်နေ့တာ အတွက် စတင်ဖို့ အဆင့်သင်ဖြစ်နေချေပြီလေ။

တစ်ယောက်ထဲသမား ကျွန်တော့်အတွက်ကတော့ ဘာမှမလိုပါဘူး မနက်စာကလဲ ကိုယ်တတ်သလောက် ချက်ပြုတ်ပြီး ကျင်လည်ရသည်။မိဘ တွေကတော့ ‌ဆိုးလ်မြို့မှာ ကျွန်တော်က ကျောင်းဆရာဖြစ်တဲ့အလျောက် ဘူဆန်ဘက်ကို လျှောက်လွှာကျပြီး ရောက်လာရခြင်းပင်။ဒီနေ့က ကိုယ်ပထမဆုံး အလုပ်ဖြစ်တဲ့ ကျောင်းဆီသွားဖို့ အဆင်သင့်ဖြစ်နေပြီ ။

"အင်း မွှေးလိုက်တာ"

ကျောင်းသို့သွားခါနီး စားပွဲပေါ်ရှိ အဝါရောင်‌ေရ‌ေမွှးနှင်းဆီပန်းလေးတွေအား မွှေးရှိုက်လိုက်သည်။ သိကြလား ကျွန်တော်က ပန်းတွေကို သိပ်ကြိုက်တာ ယောကျာ်းတန်မဲ့ပေါ့ ယောကျာ်းလေးက ပန်းမကြိုက်ရဘူးလို့ ဥပဒေမရှိပါဘူးဗျာ

"သွားတော့မယ် ငါ့ကလေးတို့"

တံခါးမှန်ဘောင်နားက ပန်းအိုး သုံးလေးအိုးအား နှုတ်ဆက်နေတဲ့chanyeol။

"သွားပြီလား ဆရာလေး"

"ဟုတ်ကဲ့ခင်ဗျ"

ကျွန်တော်ငှားထားတဲ့ ဒီတိုက်ပု အိမ်လေးရဲ့ပိုင်ရှင် အန်တီက နှုတ်ဆက်တော့ ကျွန်တော်က မူပိုင်အပြံုးများဖြင့် ပြန်လည်နှုတ်ဆက်လိုက်လေတော့

"အမလေးတော် တို့ဆရာလေးက ချောလိုက်တာနော်"

"အာ"

အန်တီကြီးက အားရပါးရဖြင့် ကျွန်တော့်အား ချီးမွှန်းတော့ ကျွန်တော့်မှာ ရှက်ရဲရဲဖြင့် လည်ဂုတ်အားပွတ်သတ်နေမိသည်။ ကျွန်တော် ဒီရပ်ကွက် စရောက်ထဲက ကျောင်းဆရာ ဆိုတာပြောပြပြီး နှုတ်ဆက်ထားတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေက ဖော်ရွေစွာ နှုတ်ဆက်ကာ ဆရာလေးဟုပါးစပ်မှမချကြပေ။

မောင့်အရိုင်းပန်း(🇲 🇾  🇼 🇮 🇱 🇩  🇫 🇱 🇴 🇼 🇪 🇷 )Where stories live. Discover now