Unicode
[target 25+ပြည့်ပီဆိုလို့ updateလေးလာပေးပါတာ💓]
✉ "ဘတ်ဟျွန်းနီ ခဏလောက်တွေ့ရအောင်"
ဘတ်ဟျွန်းတစ်ယောက် အပျင်းကြီးကာဆိုင်မဖွင့်ပဲ အိမ်မှာနေ၍နပ်နေတုန်း ဖုန်းကnotiတစ်ချက်မြည်လာလေသည်။ ဖွင့်ကြည့်လိုက်တော့ စီနီယာ အွန်ဟူးဆီကမလို့ ဘတ်ဟျွန်းကြိတ်ပြုံးမိသွားသည်။
စီနီယာဆိုသည်မှာ ဘူဆန် မီဟယ် တက္ကသိုလ်ရဲ့ Popular Kingတစ်ယောက်ဖြစ်သည့်အလျောက် မိန်းကလေးရော ယောကျာ်းလေးတွေကြားပါ ရေပန်းစားသည့်သူပင်။ အကုန်လုံးကသဘောကျသလို မနာလိုသည့်သူလဲများတာမလို့ ဘတ်ဟျွန်းကိုယ်တိုင်ပါ မနာလိုရင်းကနေ သဘောကျလာခဲ့ရခြင်းဖြစ်သည်။ အတော်လေးကိုဆိုးသွမ်းပြီး ကျောင်းရဲ့ လက်မြှောက်ထားရသည့် ဘတ်ဟျွန်းမှာ စီနီယာကိုသဘောကျခဲ့သည့်နောက်ပိုင်း ပြောင်းလဲသွားခဲ့ရသည်။ ထိုပြောင်းလဲမှုက စီနီယာအွန်ဟူးရှေ့မှာသာဖြစ်ပြီး စီနီယာ့နောက်ကွယ်မှာတော့ ဆိုးမြဲပင်။ စီနီယာ့ရှေ့ရောက်ရင် လိမ္မာတတ်တဲ့ဘတ်ဟျွန်းဖြစ်ပြီး နောက်ကွယ်မှာတော့ အရိုင်းတုံးလေးဖြစ်တာကြောင့် စီနီယာက အမြဲဆုံးမတတ်သည်။ စီနီယာကရန်ဖြစ်တာကိုလုံးဝမကြိုက်ပါ။ သို့သော်ဘတ်ဟျွန်းကတော့ ဂျစ်ကန်ကန်စရိုက်ဖြင့် ရန်ပွဲတွေအများစုမှာ သူပါတတ်သည်။ ဒါကသူ့အကျင့်မို့ ဖျောက်ဖျက်မရခြင်း ။
တစ်နေ့တော့ ဘတ်ဟျွန်းနဲ့မတည့်သည့် အင်ယူးဆိုသော ငနဲကောင်က စီနီယာ့အား ဘတ်ဟျွန်း သဘောကျနေကြောင်းသွားချွန်လေတော့ အဲ့နောက်ပိုင်း စီနီယာဟာဘတ်ဟျွန်းကို သိသိသာသာရှောင်လာလေသည်။ ဘတ်ဟျွန်းမှာ စီနီယာ့ကိုအကျိုးအကြောင်းရှင်းပြချင်သော်လည်း အတွေ့မခံသည့် စီနီယာကြောင့် ဘတ်ဟျွန်းဒေါသထွက်ကာ အင်ယူးအား ထိုးနှက်ရင်း ရန်ဖြစ်ခဲ့ကြသည်။ စီနီယာကတော့ ရက်အနည်းငယ်ကြာသွားသည့်နောက်မှာ ကျောင်းရဲ့ roll 1 ဖြစ်တဲ့ အင်ယူမီနဲ့ ရည်းစားဖြစ်သွားကြသည်ဟုသတင်းများ စတင်ပျံံ့လာတော့သည်။ ဘတ်ဟျွန်း အစကမယုံသည့်အတွက် စီနီယာ့ဆီသွားကာ တောင်းပန်မည်ဟုပြင်သော်လည်း ရုတ်တရပ် ကျောင်းပေါက်ဝက စီနီယာနဲ့အင်ယူမီ နမ်းနေသည်ကိုတွေ့ခဲ့ရသည်။
YOU ARE READING
မောင့်အရိုင်းပန်း(🇲 🇾 🇼 🇮 🇱 🇩 🇫 🇱 🇴 🇼 🇪 🇷 )
Fanficဘယ်ပန်းတွေ ဘယ်လောက် ယဉ်ပြီး လှနေပါစေ မောင့် အရိုင်းပန်းလောက် ဘယ်လှပါ လိမ့်မလဲ