Unicode
"အင်း..ဟင်းးး"
ခေါင်းထဲမှာလဲနောက်ကျိကျိ လူတစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာ နေပြီး ညီးစီစီကြီးဖြစ်နေသည်
ပိတ်ထားသည့်မျက်ခွံပေါ် အလင်းရောင်ခပ်စူးစူးက လာနှောက်ယှက်သဖြင့် မဖွင့်ချင်သော မျက်လုံးများကို အလုပ်ပေးရသည်"အားး shit သေတော့မှာပဲ"
"နိုးပီလား"
"ဟင်"
ဘတ်ဟျွန်းတစ်ယောက် မျက်လုံးပြူးကာကြောင်ကုန်သည် သူ့အရှေ့မှာ ဟိုတနေ့က မျက်လုံးပြူးပြူးကြောင်တောင်တောင် လူကိုတွေ့လိုက်ရသဖြင့် ဘာတွေဖစ်နေမှန်းမသိ
"ဟေ့လူ ခင်ဗျားကျုပ်အခန်းထဲဘယ်လိုရောက်နေတာလဲ"
"အိုးး စွပ်စွဲလှချည်လား အရိုင်းတုံးလေးရဲ့ ဒါဘယ်သူ့အခန်းလဲ သေချာပြန်ကြည့်ပါအုန်း"
ဘတ်ဟျွန်း သူပြောမှ အခန်းကိုသေချာကြည့်မိတော့ သူ့အခန်းနဲ့မတူစွာ သန့်ရှင်းသပ်ရပ်ပီး ပန်းအိုးများစွာကိုတွေ့ရသည် ဒါကဘယ်လိုဖစ်လို့ ထိုလူအခန်းရောက်နေမှန်းမသိ
"ကျုပ်ကဘာလို့ ခင်ဗျားအခန်းထဲရောက်နေတာလဲ ကျုပ်ကို ပြန်ပေးဆွဲလာတာလား "
"ဟ စွပ်စွဲချက်တွေများလိုက်တာ မနေ့ညက မမှတ်မိဘူးလား ဘတ်ဟျွန်းနီ"
ဘတ်ဟျွန်းနီလို့ခေါ်လိုက်တော့ မျက်မှောင်ကြီးကြုတ်ကာလူကို စူးစိုက်ကြည့်နေပြန်သည် ပြီးမှအသေချာပြန်စဥ်းစားနေပုံရသည့် ပုံစံလေးက ပြေးဖက်ချင်စရာကောင်းတာမို့ ချန်းယောလ် တံတွေးအသာမြိုချရင်း မျက်လုံးကို တောင်ကြည့်မြောက်ကြည့်ကစားမိနေသည်
"ဟာ မနေ့ညက ငါ ငါမူးနေခဲ့တာပဲ ပီးတော့ ခင်ဗျား"
"ခင်ဗျားမဟုတ်ဘူး ပတ်ချန်းယောလ် "
"အေး ဘာပဲဖစ်ဖစ် ပတ်ချန်းယောလ် ကျုပ်ကိုတော့ဘာမှမလုပ်လိုက်ဘူးမလား"
စောင်လေးကိုရင်ဘတ်အထိဆွဲကာ ပြောနေပုံကမသိရင်ကိုယ်ကပဲ လူဆိုးလိုလို
"ဘာဆိုဘာမှမလုပ်ရပါဘူး ဘတ်ဟျွန်းနီရယ် မနေ့ညက ကိုယ်နဲ့အတူစကားပြောသောက်နေရင်းမူးပီး အိပ်သွားခဲ့တာမလို့ ကိုယ်လဲ မင်းအိမ်မသိတာနဲ့ ကိုယ့်အိမ်ခေါ်လာခဲ့တာ"
![](https://img.wattpad.com/cover/299611386-288-k921571.jpg)
YOU ARE READING
မောင့်အရိုင်းပန်း(🇲 🇾 🇼 🇮 🇱 🇩 🇫 🇱 🇴 🇼 🇪 🇷 )
Fanficဘယ်ပန်းတွေ ဘယ်လောက် ယဉ်ပြီး လှနေပါစေ မောင့် အရိုင်းပန်းလောက် ဘယ်လှပါ လိမ့်မလဲ