" ဒီအတိုင်း သုံးကြည့်လိုက်စမ်းပါ ။ ရည်းစားမရှိဘဲနေရမှာ နည်းနည်းပျင်းဖို့ကောင်းတယ်လေ နင်လည်း တစ်ခေါက်လောက်တော့ Date ကြည့်ရမှာပေါ့ နိုဂျီဟေးးရဲ့ ! "
အထူးအဆန်း မနက်မိုးလင်းကို Date ဖို့အတွက်ပြောနေသော သူငယ်ချင်းပင် ။ ယောကျာ်းတွေကို စိတ်မဝင်စားတာကြောင့်ပဲလားမသိ ။ ယောကျာ်းတွေနှင့် အပြောအဆို လုပ်ရသည်မှာ စိတ်ကသိကအောက်ပင်ဖြစ်ရသည် ။
" အေးပါ ။ လုပ်ကြည့်မယ် "
ပြောပြီးပြီးချင်းပင် ဖုန်းကို ဇက်ကနဲဆွဲယူကာထည့်ပေးလိုက်သော App ၊ Blind Date လုပ်ဖို့ အဆင်ပြေသည်ဟူသော Reviews များတော့ တွေ့သည် ။ ဒါပေမဲ့ ပြေမယ်မထင် ။ တစ်ရက်ချိန်းပြီးတာနှင့် ဒီ App ရော တွေ့ရမည့်လူရောပါ အပြီးဖျက်ပစ်ခဲ့မည် ။
" မနက်ဖြန်ကျရင် နင်နဲ့ date မဲ့လူ ပေါ်လာလိမ့်မယ် အဲ့ကျတော့မှ သေချာကြည့်လိုက်တော့ "
" Okay သွားတော့ ၊ ငါ့ကို စိတ်ရှုပ်စရာတွေ လာပေးသွားပြီးပြီ ဆို သွားတော့ ! "
တစ်နေ့လုံး အလုပ်လုပ်မရ ၊ မနက်ဖြန်တွေ့ရမည့် လူမှာ ဘယ်လိုဖြစ်မလဲသာတွေးနေမိသည် ။ ပိုထူးဆန်းသည်မှာ ရင်တွေခုန်နေမိခြင်းသာ ၊ မမြင်တွေ့ရသေးသော ယောကျာ်းတစ်ယောက်ကို ရင်ခုန်မိနေခြင်းသာ .... တွေ့ကြည့် လို့ ရင်တွေဆက်ခုန်လာရင် တွဲဖို့ ပြောကြည့်ရမလား .....
ညနေ 3:30 PM
တစ်ခါမှ Date မလုပ်ခဲ့ဖူးသည် မို့ သိသိသာသာကို အနေစိမ်းလှသည် ။ လက်ဆောင်တစ်ခုခုပဲ ဝယ်ပေးရမည်လား ။ စဥ်းစားမရအောင်ပင်ကို အကျပ်ရိုက်မိသည် ။ အလုပ်စောစောဆင်းကာ Center တစ်ခုကို ဝင်ပြီး လက်ဆောင်ဝယ်ဖို့ ကိုသာ ဆိုင်းပြင်းလိုက်တော့သည် ။
" အလုပ်ဆင်းနှင့်ပါတော့မယ် ။ လက်စသတ်စရာရှိတာတွေကိုတော့ ညကျအပြီးလက်စသတ်ပြီး ဖိုင်တွဲနဲ့သေချာ ပို့ပေးလိုက်ပါ့မယ်နော် ဒါဆို .. "
" အေး ဒါပေါ့ သွားတော့ အစ်မတို့ကတော့ အလုပ်လေးရှိလို့နေခဲ့ဦးမယ် ကောင်းကောင်းသွားနော် နိုဂျယ် "
" Nae ! "
Center မရောက်ခင် လမ်းတစ်လျှောက်လုံး ပေးရမည့် လက်ဆောင်အမယ် ကိုသာ တွေးနေမိတော့သည် ။

YOU ARE READING
𝘁𝗲𝗮𝘀𝗶𝗻𝗴 𝘂 < 𝖬𝗈𝗇𝗂𝗄𝖺 𝖷 𝖭𝗈𝗓𝖾 >
Фанфик" ဒီအတိုင်း စနောက်နေရင်းနဲ့ပဲ ဘေးနားကနေ ပျောက်ကွယ်သွား ပေးမယ် .... ကတိ ! " " ဒီအတိုင်း စနောက်နေရင်းနဲ့ပဲ ဘေးနားကနေ ပျောက်ကွယ်သွား ပေးမယ် .... ကတိ ! " Side Characters aiki leejung