- 3 -

66 8 1
                                    

" တွေ့ရတာ ဝမ်းသာပါတယ် ။ နို ဂျီ ဟေး လို့ခေါ်ပါ်တယ် ရှင့် "

" နင်... ကလေးဖြစ်ပြီး ဘာလို့ဒိတ်လုပ်ဖို့ကို တွေးနိုင်ရတာလဲ ? "

မူကြိုကလေးလိုဆက်ဆံနေသော ထိုအမျိုးသမီးမှာ ဒီနေ့လည်းကြည့်ကောင်းနေပြန်သည် ။ လိုက်ဖက်မှုမရှိသည့် အမဲရောင် ဂျက်ကတ် ၊ အဖြူရောင် Mask တို့ကို ဆင်ထားသော်လည်း သူနဲ့တော့ထူးထူးခြားခြား လိုက်ဖက်သည် ။

" ကျွန်မ အခု ကလေးမဟုတ်တော့ပါဘူးနော် ။ အိမ်ကတောင် ကလေးလို့မသတ်မှတ်တာကို တကယ်ပဲ ဘာလို့ ဒီလိုမျိုးကလေးလုပ်ခိုင်းနေရတာလဲ !? "

" ချာတိတ် အိမ်ပြန်တော့ "

အစကတော့ Date ရမည့်လူက ယောကျာ်းလေးလို့ တွေးထင်နေခဲ့ခြင်းသာ ။ မုချ ယောကျာ်းလေးဖြစ်မည် လို့ တွေးထားခဲ့ပေမဲ့လည်း မိန်းမတစ်ယောက်ဖြစ်နေခဲ့သည် ။ ပြီးတော့ သူနဲ့ အကြောမတည့်တဲ့ မိန်းမ ....

" ဒီနေ့တစ်နေ့တော့ Date လို့မရဘူးလား ? တာဝန်သိရမယ်လေ "

" အိုခေ ချာတိတ် ~ "

မျက်နှာထားတင်းတင်းနှင့်ပင် ပြောလာသော ထိုအမျိုးသမီးပင် ၊ သူနဲ့နေရတာ မနှစ်သက်လေသလား ၊ ခဏလေးတွေ့ရတာကို တောင် မျက်နှာထားက တင်းနေသောကြောင့် ထိုင်နေရာကနေ အဝေးဆုံးကိုထသာပြေးချင်မိတော့သည် ။

" သိပ်မပျော်တဲ့ပုံဘဲ ၊ ကျွန်မဒါဆိုသွားတော့မယ် "

" မဟုတ်ဘူး ။ ထိုင် ... ငါက ပြောစရာစကားရှာနေတာ "

နည်းနည်းလေးတော့စိတ်ထဲမှာ​ကျေနပ်သွားရသည် ။ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြန်ထိုင်လိုက်မိပြန်သည် ။

" မုန့်တွေက ရှင်စားဖို့လား ? "

" အင်း ။ အစ်မမှာထားတာ ။ စားလေ "

ဘယ်သူက Date မှာ မုန့်ကိုကြိုမှာထားလို့လဲ ? သူ့စိတ်နဲ့သူလုပ်ချင်ရာလုပ်ပြီး Date  ဟုနာမည်ခံနေသေးသည် ။

" မိုနီကာ .. "

Sandwich စားနေရင်းပြောလာသော ထိုနာမည်ကြောင့် အနည်းငယ်ပြုံးမိသွားသည် ။

" အစ်မ နာမည်ပါ  မိုနီကာ ... "

စတွေ့တဲ့နေ့ကလိုမျိုး တစ်သက်လုံးခေါ်ချင်မိသည့် အလှဆုံးနာမည်ဖြစ်မည် ။

𝘁𝗲𝗮𝘀𝗶𝗻𝗴 𝘂 < 𝖬𝗈𝗇𝗂𝗄𝖺 𝖷 𝖭𝗈𝗓𝖾 > Where stories live. Discover now