- 4 -

34 4 0
                                    

" ငါ .. ဓာတ်ပုံလေး တစ်ပုံလောက်ရိုက်လို့ရတယ်မလား ? "

" ရိုက်လို့ရတာပေါ့ ။ အဲ့အစား တစ်ခုလိုက်လျောပေး အစ်မ "

" ဘာလဲ ? သကြားလုံးကျွေးခိုင်းဖို့လား နင်တကယ်ရယ်ရတယ် "

" ဘယ်သူက သကြားလုံးကျွေးခိုင်းနေလို့လဲ အစ်မ အရူးလား ? "

" အရူးလေး နင့်ကို အစ်မက ချစ်လို့စလိုက်တာ  "

အရူးလေး ? ချစ်လို့ ? ထိုမိန်းမတွင် စွမ်းအင်တွေများရှိနေလေသလား ။ ပြောသမျှ စကားတိုင်းဟာ နွေးထွေးမှုအပေါင်းနှင့်သာပြည့်စုံနေသည် ။

" ကဲ ရိုက်ပါပြီ ။ ပြုံးထားနော် "

" ရိုက်ပြီးပြီမလား ? ဒါဆိုတောင်းဆိုစရာရှိတယ် အစ်မ "

" အင်း ပြောကြည့် ဘာများလဲ ? "

" မနက်ဖြန် အိမ်မှာ ခေါက်ဆွဲပြုတ်စားကြမလား ? "

" နင် .. နင်အသက်ရောပြည့်ရဲ့လား ? "

" အာ ရှီး... ဘာတွေပြောနေတာလဲ ? ဒီအတိုင်း ramyeon ပါ ramyeon ! "

" ဒါကိုပဲပြောတာလေ နင်ကကလေးအတွေးမှမတွေးတာဘဲကို ! "

" အစ်မ ဒါဆို ကျွန်မအိမ်နော် !? "

" အဲ့လိုမလုပ်ဘဲနဲ့ ငါ့အိမ်ဆိုရင်ရောဘယ်လိုလဲ ? နင့်အတွက်အရသာအရမ်းရှိတဲ့ ပဲခေါက်ဆွဲ ကျွေးမယ် ? "

" အဆင်ပြေတာပေါ့ အစ်မ ! ဆက်ဆက်နော် "
"အေး ဆက် ဆက် !! ဒီကဒ်ကိုယူထား "

ဖုန်းနံပါတ်ရေးထားသော ကဒ်ကိုပေးကာ နှုတ်မဆက်ဘဲပြန်သွားသူ ၊ တကယ်ပဲ အကြောတင်းတဲ့ မိန်းမပဲ ။ ချစ်ချင်စရာကောင်းလိုက်တာနော် ။

Next Day

" အစ်မ ဒီနေ့တွေ့ဖို့ပြောထားတာလေ ? မေ့နေတာလား ? " မနေ့ကပေးခဲ့သည့်ဖုန်းနံပါတ် card ထဲကနံပါတ်ကို ဆက်ကြည့်ခြင်းသာ ၊

" အင်း ငါကမမေ့ပါဘူး နေရာရွေးနေလို့လေ ၊ ဒါပေမဲ့ ငါ့အိမ်လာမလား ? အပြင်ထွက်ဖို့ထိ စိတ်ထဲကောင်းမနေလို့ "

" အာ အစ်မ .. ရတယ် အိမ်လိပ်စာပို့ပေးလိုက်လေ ။ ညီမလာခဲ့မယ် ။ "

" မဟုတ်ဘူး ငါလာကြိုပါ့မယ် ၊ နောက် ၁၅ မိနစ်နေရင် လာမှာမို့လို့ အိမ်လိပ်စာကို message ပို့ပေးထားနော် "

𝘁𝗲𝗮𝘀𝗶𝗻𝗴 𝘂 < 𝖬𝗈𝗇𝗂𝗄𝖺 𝖷 𝖭𝗈𝗓𝖾 > Where stories live. Discover now