Mr. Dr. I Twist You

9.5K 822 4
                                    

    " ဟေ့.. ဟိုနောက်ဆုံးက တစ်ယောက်.. "

        ငင်!! တွားဘီ..

        ရုတ်တရက် Luhanကို မေးဆတ်ကာ လှမ်းခေါ်လိုက်တာကြောင့် Lulu ကြောင်ပြီး ဇွန်းကြီးကို ပြန်မချမိပဲ ပါးစပ်ထဲ ငုံထားလိုက်မိတယ်..

        ပါးစပ်ထဲ သွတ်ထားတဲ့ ဇွန်းကိုပဲ ပြန်ချရမလား.. ဘေးနားက ပြတင်းပေါက်ကနေပဲ ခုန်ချလိုက်ရမလား... မဝေခွဲနိုင်သေးတော့ ပါးစပ်ထဲမှာ ဇွန်းတန်းလန်းကြီး ကိုက်ထားရင်း သူ လှေကားထစ်တွေအတိုင်း ကျွန်တော့် ဆီကို smart ကျကျ လျှောက်လာတာကိုပဲ မျက်လုံးလေးပြူးကာ ကြောင်ကြည့်မိတယ်.. အောင်မယ်.. လမ်းလျှောက်တာကိုက မင်းသား style နဲ့..

        သူ ကျွန်တော်ထိုင်တဲ့ ခုံနားရောက်လာတော့ ကျွန်တော်လည်း ခပ်တည်တည်နဲ့ပဲ ဇွန်းကို ပါးစပ်ထဲက ပြန်ထုတ်ကာ စားပွဲပေါ်ချလိုက်ရင်း တော့ပုကီကို ဒီအတိုင်းကြီး မျိုချလိုက်ရတာပေါ့.. အီး.. ပူစပ်ပူစပ်နဲ့ အတောင့်လိုက်ကြီး လည်ချောင်းထဲမှာ နင်လိုက်တာ.. မတတ်နိုင်ဘူးလေ.. ဝါးနေရင် သူမြင်သွားမှာကိုး..

      " မင်း မုန့်ခိုးစားနေတာ မို့လား? "

      " မဟုတ်ပါဝူး.. "

       တော်လိုက်တဲ့ပါးစပ်.. Lulu သူ့ကို ရှုတည်တည်ကြည့်ကာ မျက်နှာပြောင်ပြောင်ပဲ လိမ်လိုက်တယ်.. တစ်ပွဲတစ်လမ်းတော့ တွေ့ကြပြီပေါ့ကွာ..

Sehun's pov:

        သူ အဲ့ကောင်လေး စကားကြောင့် မျက်ခုံးတွေ တွန့်ချိုးလိုက်မိတယ်.. ရှေ့က စာရှင်းနေတာကို နောက်ကနေကြည့်ရင်း မုန့်ခိုးစားနေတာလည်း မြင်တယ်.. ဇွန်းကိုက်နေတာလည်း မြင်တယ်.. ဒါတောင်မှ ဗြောင်လိမ်နေသေးတယ်.. အတော်မလွယ်တဲ့ ဟာလေး..

        သူမြင်ကာစတော့ ဘာမှမပြောသေးပါဘူး.. ၁ ခါကနေ ၂ခါ.. ၃ခါ လောက်ထိ အဆင့်တက်လာတော့ သူဖောင်းတာပေါ့.. ဘယ့်နှယ်.. စာရှင်းနေတာကို မလေးမစားနဲ့.. ဆေးကျောင်းသားဖြစ်နေပြီးတော့..

      " မလိမ်နဲ့.. မင်း ဇွန်းကြီးကိုက်ထားတာ ကိုယ်မြင်တယ်.. "

Luhan's pov:

         "ကိုက်"ထားတာ.. အာ.. ငုံထားတာပါ.. မသိရင် ငါကပဲ ခွေးကျလို့.. အင်းလေ ကိုက်တာနဲ့ ငုံတာ သိပ်တော့ မကွာပါဘူး.. ဘာပဲဖြစ်ဖြစ်..

Just A KissDonde viven las historias. Descúbrelo ahora