" Omma ဆွမ်းတော်တင်ပီးပီလား မသိဘူး"
" Breakfast ကို ဆားမထည့်ဘဲ စားတတ်တာ အိမ်က Meiyon တို့လက်ရာ omma က ကြိုက်ပါ့မလား "
" Omma အင်္ကျီတွေ မီးပူတိုက်ရဦးမယ် ပြီးတော့ ဒီလက်စွပ်ကြီး မြင်သွားရင် ဒုက္ခပါပဲ.. "
" Lu!! မချွတ်နဲ့ ဝတ်ထားလေ! "
Sehun စိတ်မရှည်စွာနဲ့ ကားကို လမ်းဘေးချရပ်လိုက်တယ်.. ငလုတျောက် ခုမှ နှုတ်သီးပိတ်သွားပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ ကြည့်လိုက်တော့..
စတီယာရင်ကို ခပ်တင်းတင်း ကိုင်ထားရင်း နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ထားတာကြောင့် V shape မေးရိုးတွေက ကားနေတာ အသိသာကြီး..
ဘေးတိုက်ကြည့်ရင်း "ဂလု" ခနဲ.. ငလုတို့ ဖိုးသိုးဖတ်သတ်နဲ့ပေါ့..
" Hun? "
"....."
" kiki.. စိတ်ကောက်နေတာ? "
"...."
" Hun-ah.. Lu ကိုကြည့်.. Aenyo ;)"
ရင်ခုန်သံတွေ အိုးနင်းခွက်နင်းဖစ်အောင် လုပ်နေသော ဘေးက ပိစိကို Sehun လှည့်ကြည့်လိုက်တယ်...
" ရုပ်တည်ကြီးနဲ့ Dr. ကြီးကလည်း patient တွေလန့်ကုန်မှာပေါ့ Smile :)"
Sehun သက်ပြင်းကို ချရင်း.. ဒီနှလုံးသားလေးကို သူတကယ်မနိုင်ပါ..
" Lu.. "
" စိတ်ဆိုးနေတာလားဟင်? "
" မဆိုးပါဘူး ဒါပေမယ့် စိတ်မကောင်းဘူး "
Sehun တွေးထားတာက မနက်ရောက်ရင် Lu ကို တစ်ဆိုင်ဆိုင်ခေါ်သွားမယ်.. မျက်နှာလေးကြည့်ပြီး စကားတွေအများကြီးပြောမယ် သူ့ခံစားချက်တွေ ဖွင့်ဟမယ်ပေါ့..
ခုဟာက မှန်းချက်နဲ့ နှမ်းထွက်မကိုက်.. မနက်လင်းလင်းချင်း အိမ် အိမ် အိမ် ဆိုလို့ ကလေးစိတ်ချမ်းသာပါစေဆိုပြီး plan A plan B တွဖျက်ပြီး အိမ်ပြန်ပို့ပေးမလို့.. လမ်းမှာ omma omma နဲ့ မပြီးနိုင်တော့ဘူး

YOU ARE READING
Just A Kiss
Romanceအချစ်တစ်ခုကို ဗရုတ်သုတ်ခ စတင်မိတဲ့အခါ.. HH (Yaoi) Edit- ဒီ fiction ဟာ ဆရာမ ဆုအဉ္ဇလီရဲ့ "အနမ်းတစ်ရှိုက်" ဆိုတဲ့ဝတ္ထုကို မှီငြမ်းထားခြင်းဖြစ်ပါတယ် Enjoy! 😊