Our Wedding Day

11.8K 920 30
                                        

        Luhan cupboard ထဲက ဂျင်းအနက်တစ်ထည်နဲ့ T shirt အနက်ကို ထုတ်ဝတ်လိုက်သည်.. မှန်တင်ခုံပေါ်က ကားသော့ , bank စာအုပ်နှင့် ဖုန်းကို လွယ်အိတ်ထဲပစ်ထည့်ပြီး ကျကျနနလွယ်လိုက်တယ်.. ထို့နောက် shoe ကိုတောင် မဝတ်နိုင်ဘဲ လက်ကကိုင်ကာ လှေကားကနေ တိတ်တိတ်လေးဆင်းလာပြီး အိမ်ကြီးရဲ့ အနောက်ပေါက်က ထွက်ဖို့ ခြေလှမ်းလိုက်သည်..

      " သား.. "

      Appa ခေါ်သံက Lulu ကို တုန်တက်သွားစေ၏.. ဒီအချိန်မှလည်း ပြေးဖို့မဖြစ်နိုင်တော့တာကြောင့် မျက်ဝန်းလေးတွေ ညှိုးငယ်သွားကာ နောက်ကိုပြန်လှည့်ပြီး Appa နဲ့ မျက်နှာချင်းဆိုင်ရပ်လိုက်သည်..

       Appa က သူ့လက်လေးတစ်ဖက်ကို ဆုပ်ကိုင်ကာ ဆံပင်လေးတွေ သပ်ပေးရင်း..

      " သားရယ်.. Appa ဒီလောက်ပြောထားရဲ့သားနဲ့.. ဘာလို့ဒီလိုလုပ်ချင်ရတာလဲ.. လူကြီးတွေမျက်နှာပျက်စရာ ဖြစ်ကုန်မှာပေါ့ကွယ်.. "

      ငွေရောင်မျက်ရည်ဥလေးများ Lulu ရဲ့ ပိုးသားလေးလို ဖြူနုသော ပါးပြင်ထက်မှာ နယ်မြေချဲ့ထွင်လာကြသည်.. Appa လက်ကို အားကိုးတကြီးဆုပ်ကိုင်ရင်း ခေါင်းမော့လိုက်တော့ လှပတဲ့ သမင်မျက်ဝန်းလေးမှာ မျက်ရည်စတွေနဲ့..

      " Appa.. သား လက်မထပ်ချင်သေးဘူး.. သားခုမှ ငယ်ငယ်လေးရှိသေးတာ.. သားသူ့ကို လက်မထပ်ချင်ဘူး.. Appa.. jalpa..  miyan.. ဒီမင်္ဂလာကိစ္စကြီးကို ဖျက်ပေးပါ..နော် T.T "

Jongdae's pov:

        တစ်ဦးတည်းသော မိတဆိုးသားလေးရဲ့ မျက်ရည်တွေကို တွေ့တော့ Mr.Jong Dae ရင်နင့်ရလေသည်.. ဒါပေမယ့် အခြေအနေတွေက ပြင်လို့မှ မရတော့ပဲ.. Luhan တို့ကို ခေါ်သွားတဲ့ ရဲဌာန အကြီးအကဲက တိုက်ဆိုင်စွာပင် Jongdae ရဲ့ မိတ်ဆွေ Mr. Taeso ဖြစ်နေလေသည်..

        Jongdae ကို email နဲ့ လှမ်းပို့ကာ အကြောင်းကြားတော့ သူ့သားတော်မောင် Luhan ကောင်လေးတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးလာလို့တဲ့.. အဲ့ဒါနဲ့ သူလည်း abroad ကနေ အမြန်ပြန်လာကာ Taeso ဆီ အပြေးသွားရတယ်.. အဲ့ဒီမှာ Taesoနဲ့ စကားပြောနေတဲ့ Yixing ကို တွေ့တာဖြစ်သည်.. အိမ်ထောင်ကျပြီးကတည်းက မတွေ့ရတော့သော လည်ပင်းဖက်ပေါင်းလာတဲ့ ငယ်သူငယ်ချင်းတွေမို့ Yixing က အားရဝမ်းသာစွာနှုတ်ဆက်သည်..

Just A KissWhere stories live. Discover now