Kiss & Hug, My Bambi

10K 780 58
                                        


နံနက်ခင်းရဲ့ တံခါးတစ်ချပ်ကို လှစ်ဟချိန်မှာ ချစ်သူ့ရင်ခွင်ထဲမှ နိုးထရခြင်းသည် Lu အတွက် ဘာမှမလိုတော့လောက်အောင်ကို ပြီးပြည့်စုံမှုကို ပေးစွမ်းပါသည်။

Lu လက်ညှိုးလေးက ပြေပြေလေးချောမွတ်နေသော ချစ်သူ၏ နှဖူးပြင်ကျယ်ကျယ်ပေါ် ထိမိချိန်မှတော့ နှလုံးသားလေး နွေးသွားသည်။

နှာတံစင်းလေးပေါ်ရောက်တော့ နှလုံးသည်းပွတ်က တဆတ်ဆတ် တုန်လှုပ်လာသည်။

အောက်ကို ဆက်ဆင်းသွားတော့ မျက်ဝန်းတွေ နားခိုသွားမိတာ ဖူးကြွနေသည့် နှင်းဆီဖူးနှုတ်ခမ်းလေး..

လက်ညှိုးလေးနှင့် သူမနိုးအောင် ခပ်ဖွဖွ ပွတ်သပ်နေမိရင်း ထိုနှုတ်ခမ်းဖူးတို့ကို ကြည့်ကာ Lu့ မှာ ရင်တွေလှိုက်ဖိုမောရသည်။

ဒီအတိုင်းလေး အိပ်နေတာတောင် Lu ရဲ့ နှလုံးသား သခင်သည် ဖမ်းစားလွန်းသည်။

ကိုယ့်အတွေးနဲ့ကိုယ် ရင်တွေဖိုကာ Lu့မှာ ရှိန်းတိန်းတိန်း ဖြစ်လာပြန်၏။

သိပ်ချစ်ရပါသော ချစ်သူDr.ကြီးကို မနှိုးရက်သဖြင့် Lu တစ်ကိုယ်လုံးကို သန်မာစွာ ရစ်ပတ်ထားသော သူ့လက်မောင်းတို့ကို အသာဖယ်ကာ သာသာလေးထလိုက်တော့... သူက လူလည်ကျစွာ ခါးကို ပြန်ဆွဲဖက်ကာ ရင်ခွင်ထဲပြန်ထည့်ထားလေသည်။

မျက်ဝန်းတို့က မှိတ်ထားပေမယ့် နှုတ်ခမ်းစွန်းတို့ ကော့တက်နေတာကြောင့် သူနိုးနေပြီဖြစ်ကြောင်း အလိုလို သိလိုက်လေသည်။

" Hun နော်.. နိုးနေပြီမို့လား.. ထတော့လေ Hun-ah.. Lu Breakfast ပြင်ရဦးမယ် "

" အင်း.. ကောင်လေးတျောက် ခိုးကြည့်နေကတည်းက နိုးနေတာ... ကြာပီပဲ ဆိုပါတော့ "

သူ့စကားကြောင့် Lu မျက်နှာလေး နီရဲသွားကာ မျက်စောင်းထိုးလိုက်ရင်း..

" Hun!! တော်ပီ.. ထတော့မယ်.. လွှတ် "

" ဒီအတိုင်းကြီး ထသွားလို့ ဘယ်ရမလဲ ကလေးရဲ့.. "

ပြောရင်း Lu ကိုယ်ပေါ် သူက အုပ်မိုးလာတော့ Lu မှာ မလှုပ်သာ မလှည့်သာ..

" အာ.. ဘာ ဘာတွေလာပြောနေတာလဲ "

o.O

နှင်းဆီရောင်ပြေပြေလေး ဖြတ်ပြေးနေသည့် ပါးပြင်နုနု ဖွေးဖွေးကို သူက သည်းမခံနိုင်စွာ ဖိကပ် နမ်းမိတော့ ကလေးက မျက်လုံးလေးပြူးနေလေသည်။

Just A KissWhere stories live. Discover now