All Of You

10.4K 857 55
                                        


"Hun.. ကားက ဟိုဘက်မှာလေ.. "

" အင်းလေ.. "

ဆေးရုံက picnic ထွက်လာတာ တစ်ကား အဲ့နောက်က သူတို့ 2ယောက်ရဲ့ ကားလေးပေါ့.. အချိန်ကား 4:21 P.M..

ခုဟာက picnic သွားတဲ့ လမ်းနောက်မလိုက်ဘဲ လမ်းခွဲထွက်လာတဲ့ Hun ကို Lu နားမလည်နိုင်စွာ ကြည့်လိုက်တယ်..

" သူတို့ဘာသာ သွားပါစေ.. ကိုယ်တို့က တစ်နေရာသွားမယ်လေ.. "

" အင်.. ဒါဆို omma တို့ကိုရော?.."

" ph ဆက်ပြီးပြီ.. "

သူ့ဘက်လှည့်ပြီး အပြုံးတစ်ခုနဲ့ ဆိုလာတော့ Luhan လည်း မပြောတော့ပါ.. အဲ့ Dr. ကြီးကလေ လုပ်လိုက်ရင် အဆန်းတွေချည်း..

အချိန်တော်တော်ကြာ မောင်းပြီးတဲ့နောက် Sehun ကားရပ်လိုက်တယ်..

" Lu-ah.. ရောက်ပြီ.. "

ကလေးကို လှည့်ကြည့်လိုက်တော့ ပြတင်းပေါက် ဘောင်ကို ခေါင်းလေးစောင်းတင်ရင်း အိပ်ပျော်နေတာ..
ပုံမှန်ဆို တလက်လက်နဲ့ ရွှန်းစိုသော မျက်ဝန်းတို့ကို ပိတ်ကားချထားတာက နီပြေပြေလေးဖြစ်နေတဲ့ မျက်ခွံမို့မို့လေးတွေ..

ဝန်းရံခစားထားသည်က ကောင်မလေးတွေလို ကော့နေတာမျိုးမဟုတ်ဘဲ ရှည်လျားဖြောင့်စင်းသော မျက်တောင်လေးတွေ..

ဖြူဥနေပြီး သူကိုယ်တိုင် မထိရက် မကိုင်ရက်ဖြစ်နေရတာက ပါးပြင်နုနု..

ပန်းသွေးကြွပြီး ပြုတ်စားနိုင်လွန်းသည်က ပွင့်သစ်စ ချယ်ရီရောင် နှုတ်ခမ်းဖူးဖူးလေး..

ဒါတောင် ပွစိပွစိနဲ့ တစ်ချက် တစ်ချက် တိုးတိုးလေး ယောင်နေသေးသည်.. အသည်းယားလိုက်တာ.. စိတ်ရှိလက်ရှိတာဆို အဲ့ကလေးလေးကို သိမ်းကြုံးဖက်ပြီး နှလုံးသားထဲ ထည့်, သော့ခတ်ကာ ထားလိုက်ချင်ရဲ့..

မင်း သိပ်လှလွန်းတယ် Lu..

နှစ်ခြိုက်စွာ အိပ်မောကျနေသော သမင်ကလေးကို မနှိုးချင်၍ ဒီအတိုင်းလေးပဲ Bridal Style ပွေ့ကာ ချစ်စံအိမ်လေးဆီသို့ Sehun ပွေ့ချီခေါ်လာရသည်..

ချစ်စံအိမ်?? ဟုတ်တယ်လေ.. Appa စီစဉ်ပေးတာ.. ခုတလော Appa က အကြားအမြင်ရနေတာလားမသိ.. Omma မသိအောင် သူတို့၂ယောက်ကို ဒီအိမ်လေးမှာ စိတ်ရှိလက်ရှိ ချစ်ခွင့်ပေးထားသည်လေ..

Just A KissTahanan ng mga kuwento. Tumuklas ngayon