နောက်တစ်နေ့မနက် ကျောင်းပြန်ဖွင့်ချိန်တွင်
လင်းလက် ကျောင်းသို့ရောက်သောအခါ
သောမြတ်ကို မတွေ့တာနဲ့
သောမြတ်ကိုစိတ်ပူသွားလေသည်။"ဟေ့ကောင်တွေ
ဒီနေ့သောမြတ်ဘာလို့ကျောင်းမလာတာလဲ ""အေး ငါတို့လဲမသိပါဘူး သူဟာသူရှိမာပေါ့ လာ ဆရာမကိုအိမ်စာစာအုပ်သွားထပ်မယ် "
"အေး ကျောင်းပြန်ရင်ငါနက်လိုက်ခဲ့ကြဦးနော်"
"ဘယ်သွားမလို့လဲ"
"လိုက်မှာသာ လိုက်ခဲ့စမ်းပါကွာ"
ကျောင်းဆင်းချိန်ရောက်သောအခါ
"ဟေ့ကောင်လင်းလက် မင်းငါတို့ကိုအမှန်အတိုင်းပြောစမ်း"
"ဘာကိုပြောရမာလဲကွ"
"မင်း သောမြတ်ကိုစိတ်ပူနေတယ်မလား အခုသွားမှာက သောမြတ်အိမ်ကိုမလား"
"အေ ဟုတ်တယ် သူကျောင်းမလာတာ ငါကြောင့်လားဆိုတာသိချင်လို့"
"မင်း အယ်အကြောင်းအရင်းတစ်ခုကြောင့်ပဲဆိုတာသေချာတယ်နော် ငါတို့ကို မဖုံးကွယ်ထားနဲ့နော်"
လင်းလက်မသိစိတ်က သောမြတ်ကိုစိတ်ပူနေပေမယ့် လင်းလက်ကိုယ်တိုင်ကသတိမထားမိပေ။
"သောမြတ်ရေ.... သောမြတ်ရှိလား"
ထိုစဉ်သောမြတ်အမေအိမ်ရှေ့သို့ထွက်လာလေသည်။ လင်းလက်ကလဲ သောမြတ်ထွက်မလာတော့ ပိုပြီးစိတ်ပူသွားလေသည်။"သားတို့က သောမြတ်သူငယ်ချင်းတွေလား "
"ဟုတ်ကဲ့အန်တီ သူဒီနေ့ကျောင်းမလာလို့ သူဘာများဖြစ်တာလဲလို့သတင်းလာမေးတာပါအန်တီ"
"ဪ သူက နေမကောင်းဖြစ်နေလို့ ကျောင်းမလာတာပါကွယ် ကျန်တာဘာမှထွေထွေထူးထူးမရှိပါဘူး"
"ဟုတ်ကဲ့ ကျွန်တော်တို့သူနက်တွေ့ချင်လို့ရမလား"
လင်းလက်ကလည်းဇွတ်တွေစိတ်ပူနေတာ
"ခဏလေးစောင့်နော် အန်တီသူကိုသွားခေါ်ပေးမယ်"
"ကျွီးးး"
သောမြတ်အခန်းထဲကိုသူအမေဝင်ချိန်တွင်
"အမေ သားတစ်ယောက်ထဲအေးဆေးနေချင်တယ်လို့ ပြောထားတယ်လေ "
BẠN ĐANG ĐỌC
ရန်ပွဲမှ အစပြု၍(Ongoing)
Truyện Ngắnထိန်လင်းလက်ရောင် အနေအေးပြီးစာတော်တဲ့သူတစ်ယောက်ပါ။ လင်းလက်က ပုံမှန်ဆို သူတစ်ယောက်ထဲနေပေမယ့် သူငယ်ချင်းတွေကိုဆိုရင် ဖော်ဖော်ရွေရွေ ပေါင်းသင်းဆက်ဆံတတ်တယ်။ သောမြတ်ရောင်ဝါ သောမြတ်ကတော့ လင်းလက်နဲ့တစ်ခြားစီပါပဲ လင်းလက်ကအနေအေးသလောက် သောမြတ်ကတော့ ကျောင်းမ...