Part(14) Unicode+Zawgyi

73 4 0
                                    


"သား သောမြတ် သွားရအောင်လေ အချိန်လဲမနည်းတော့ဘူး"

"ဟင်အင်းသားမလိုက်ချင်ဘူး ဦလေးဘာသာပဲသွားလိုက်ပါလား"

"သားအမေနဲ့အဖေအကြောင်းကိုသားလဲသိရက်သားနဲ့"

သောမြတ်အမေနဲ့ဦလေးက သောမြတ်ကိုမိုးကုတ်အတင်းခေါ်သွားဖို့ စီစဉ်နေလေတော့သည်။

"ဒီလိုအတင်းအကြပ်စီစဉ်နေမယ်ဆို သားအိမ်မှာမနေတော့ဘူးအမေ သား မောင်ဆီကိုပဲသွားတော့မယ်"

သောမြတ်လဲ ပြောပြီးသည်နဲ့တစ်ပြိုင်နက် လင်းလက်ဆီကို သွားလေသည်။

တစ်ဖက်တွင်လဲ ‌

"မင်းခန့် ပြတ်ရအောင်"

"ဘာပြောလိုက်တာလဲငယ် ...."

"ပြတ်ရအောင်လို့ ဒီဆက်ဆံရေးကိုဒီမှာပဲရပ်လိုက်ကြရအောင်"

"အကြောင်းပြချက်က...?"

"ငါတစ်ယောက်ထဲပဲနေချင်တော့လို့ ပြီးတော့ ငါ ထပ်ပြီ ဘယ်သူကိုမှအဆုံးရှုံးမခံနိုင်တော့ဘူး "

"သူငယ်ချင်းလိုပဲဆက်နေကြရအောင်လေ"

"အကြောင်းပြချက်က ဒါတစ်ခုထဲမဟုတ်ဘူးဆိုတာ ကိုသိတယ် ငယ်"

"ကျွန်တော် သောမြတ်အပေါ်စိတ်မကုန်သေးဘူး ကျွန်တော်ခင်ဗျားအပေါ်မတရားသလိုဖြစ်နေမှာဆိုးလို့ ဖြတ်တာ နားလည်ပေးပါနော်"

"အင်းပါ ငယ်တောင်းဆိုလို့သာကိုဖြတ်ပေးတာနော်"

"အင်းပါ ဒါဆိုလဲပြန်တော့လဲ ညနေတောင်စောင်းတော့မယ်"

"တာ့တာ"

နှစ်ယောက်လုံးက အပြန်အလှန်ချစ်နေကြပေမယ့် အကြောင်းအမျိုးမျိုးကြောင့်ခွဲခွာသွားရတယ် အခုလဲ မာနတွေကြောင့် တဖန်ပြန်ဝေးကွာရတော့မှာပါလား ဪကလေးတွေရယ် ..

"အမေ အမေ"

"အေး အေးပြောလေသား"

"အမေဘာတွေစဉ်းစားနေလို့ မျက်နှာကမကောင်းဖြစ်နေရတာလဲ"

"ဘာရယ်မဟုတ်ပါဘူးသားရယ်ဒီလိုပါပဲ"

"ဟုတ်အမေ"

"သားကိုအမေမေးမယ် အမှန်အတိုင်းပြောနော် သား"

"သားသောမြတ်ကိုချစ်နေသေးလား?"

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jun 03, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

ရန်ပွဲမှ အစပြု၍(Ongoing)Nơi câu chuyện tồn tại. Hãy khám phá bây giờ