Part(4) Unicode

86 15 4
                                    

နောက်တစ်နေ့ သောမြတ်ကျောင်းသို့လာနေစဉ် လင်းလက်ကို တစ်ခြားအခန်းက ကောင်မလေးတစ်ယောက်နဲ့အတူတူတွဲသွားနေတာကိုမြင်လိုက်သည်။

ကောင်မလေးရဲ့ပုံစံကတော့ စာတော်မယ့်ပုံစံပါပဲ အရပ်ကတော့လင်းလက်ထက်ရှည်တယ် အသားရည်ကတော့လင်းလက်ကညိုပြီးသူက ဖြူနေတော့ သောမြတ် ကလင်းလက်နဲ့သူကိုရည်းစား‌ တွေလို့ထင်သွားလေသည်။

'ဪ ငါနဲ့ သူနဲ့က ဘာမှမှမဆိုင်တာ သောမြတ်စိတ်ထိန်းစမ်း'

သက်ဆိုင်ရာကျောင်းသားအသီးသီးနဲ့ သောမြတ်တို့လင်းလက်တို့ကလဲ သူတို့အခန်းကိုအသီးသီးဝင်သွားကြပြီဖြစ်၏

"လင်းလက်"

"အေးပြောလေ သောမြတ် "

" ကျောင်းကိုလာတုန်းက တွေ့ခဲ့တဲ့တစ်ယောက်က ဘယ်သူလဲ....?"

"ဪ သူလား"

လင်းလက်ကလဲ သောမြတ်ကိုဘာမှပြန်မပြောပဲ ရယ်နေလေသည်။

"အေးပါ ရပါတယ် မင်းမဖြေချင်လဲကိစွမရှိပါဘူး ငါကသိချင်လို့မေးရုံပဲ ကျန်တာထွေထွေထူးထူးမရှိပါဘူး"

"ခိခိခိ...."

"မင်းကဟာသတွေလာပြောနေတာကိုရယ်မာပေါ့ကွ"

"သူနာမည်က ဟန်ရတီထွန်းတဲ့ ရတီနဲ့ ငါနဲ့က အမျိုးတော်တယ်လေ ငါညီမတစ်ဝမ်းကွဲလို့ပြောလဲမမှားဘူးပေါ့"

"သူကအခုမှရှစ်တန်းပဲရှိသေးတယ်"

"‌ဪ အယ်လိုကို"

ညီမတစ်ဝမ်းကွဲလို့ပြောလိုက်ရော သောမြတ်တစ်ယောက်စိတ်သက်သာရာရသွားတယ်နဲ့တူတယ် လင်းလက်ကိုဘာမှမမေးပဲ စာကိုပဲဆက်လုပ်နေတော့ .....

"ဟေ့ ကောင်သောမြတ် စာမေးပွဲက နောက်နှစ်လနေရင်နော် ဒီနှစ်လပြီးရင်ငါတို့ဆယ်တန်းရောက်ပြီ စာလဲသေချာလုပ်ဦး တော်ကြာကိုးတန်းမာတစ်ယောက်ထဲ ကျန်နေခဲ့ဦးမယ်"

"အေးပါကွာ ငါစာမေးပွဲမကျအောင်စာသေချာလုပ်ပါမယ်"

"ဟီး အယ်လိုလိမ်မာမှပေါ့"

လင်းလက်တစ်ယောက်က သူအနိုင်ကျင့်ချင်တိုင်းကျင့်လို့ရတယ်ဆိုပြီးပျော်နေလေရဲ့။

ရန်ပွဲမှ အစပြု၍(Ongoing)Où les histoires vivent. Découvrez maintenant