Part (10) Unicode

64 15 3
                                    

အချစ်နဲ့အမုန်းကြားငါဘာကိုရွေးရမှာလဲ ငါ ကိုကို‌မုန်းဖို့ကြိုးစားနေပေမယ့် ကျောင်းတုန်းကအမှတ်တရတွေ သူနဲ့လျှောက်သွားခဲ့တဲ့နေရာသူပြောခဲ့တဲ့စကားတွေက ငါကိုသူအပေါ်စိတ်ပြန်ယိုင်သွားစေမိတယ် ငါသူကိုမုန်းဖို့အကြောင်းပြချက် လုံလုံလောက်ရှိပါရက်နဲ့ ငါဘာလို့သူမှသူဖြစ်နေရတာလဲ?

ငါကိုအကြောင်းပြချက်မပေးပဲထားသွားတဲ့သူတစ်ယောက်ကို ငါဆက်ပြီးမတွယ်ကပ်သင့်တော့ဘူး

"အိမ်ရှင်တို့ အိမ်ရှင်တို့"

ဘယ်သူလဲမသိငါဆင်းကြည့်ဦးမှ အမေမရှိဘူးနဲ့တူတယ်

" ဟုတ်ကဲ့ခင်ဗျ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ "

" သားကလင်းလက်လား"

လင်းလက်က သောမြတ်အဖေကိုတစ်ခါမှမမြင်ဖူးတော့ ဒီတိုင်းမျက်လုံးအပြူးသားနဲ့

"ဟုတ် ဟုတ်ပါတယ် "

"အဲ့ဆို အမေရှိလား ဦလေး သားအမေနဲ့ပြောစရာရှိလို့"

"ဟုတ်ကဲ့ရှိပါတယ် ခဏနော် သားခေါ်ပေးမယ် "

"ဦလေးတို့ ခဏထိုင်စောင့်နေနော် "

"အမေရေ ဒီမာ အမေကိုတွေ့ချင်လို့လဲ "

"အေး အေး လာပြီ"

"သားဘယ်သူတွေလဲ "

"မသိဘူးအမေ သားကိုလင်းလက်လားလို့မေးပြီး အမေနဲ့တွေ့ချင်တယ်ဆိုလို့ခေါ်ခိုင်းလို့ခေါ်လိုက်တာ"

"အင်း သားလေ အခန်းထဲသွားနေနော် "

"ဟုတ်အမေ"

"ဒီက လူကြီးမင်းနှစ်ယောက်ကဘယ်သူတွေလဲမသိဘူးရှင်"

"ကျွန်တော်ကတော့ သောမြတ်အဖေပါ ဘေးက ကျွန်တော့်အလုပ်သမားပါ"

"ဟုတ်ကဲ့ ဘာကိစွများရှိလို့ပါလဲ"

"သောမြတ်လင်းလက်ကို ဘာလို့ အတင်းဖြတ်သွားတာလဲ အကြောင်းပြချက်ကိုပြောပြမယ်"

"ဟုတ်ကဲ့ရှင်"

"သောမြတ်က လင်းလက်ကိုအစကတည်းက တစ်ကယ်မချစ်ခဲ့ဘူး
သူပျော်ဖို့အတွက်လင်းလက်ကိုအသုံးချခဲ့တာ"

ရန်ပွဲမှ အစပြု၍(Ongoing)Donde viven las historias. Descúbrelo ahora