အပိုင်းတစ် - ပြဿဒါးနေ့

345 24 0
                                    

စစ်ငြိမ်းဟန် သူ့ရှေ့တွင် ခေါင်းငိုက်စိုက်ချကာထိုင်နေသည့်လူအား စိုက်ကြည့်နေမိသည်။ သည်လူ..... သူ့ရဲ့ချစ်သူ.... သူအယုံကြည်ရဆုံးလူ။ ဘဝမှာ ဘယ်သူကပဲ လိမ်ညာလှည့်ဖြားပါလေစေ၊ ဒီလူကတော့ သူ့အပေါ်မလှည့်ဖြားရက်ဘူးလို့ သူထင်ထားခဲ့တာ။

အခုတော့ ဒီလူက သူ့ကို ထားခဲ့ချင်သည်တဲ့။ သူနှင့်အတူ ရှေ့ဆက်လက်တွဲရန် မဖြစ်နိုင်တော့ဘူးတဲ့။

"ကိုစစ်..."

သူ့ရှေ့ကလူက မျက်ရည်တို့ဝေ့သီနေသော မျက်ဝန်းတစ်စုံဖြင့် သူ့ကို မော့ကြည့်လာသည်။ စားပွဲပေါ်မှ ကော်ဖီခွက်၏ အနားသားတစ်လျှောက် သူ့လက်ချောင်းများဖြင့် ပွတ်သတ်ဆွဲကစားနေရင်း သူ ထိုလူနှင့် မျက်လုံးချင်းမဆုံမိစေရန် သူ့လက်ချောင်းတွေဆီ မျက်လွှာချကာ ကြည့်လိုက်သည်။ သို့သော် ထိုလူ၏ အကြည့်များကို သူခံစားနေမိဆဲ။

ရုတ်တရက် စိတ်အချဉ်ပေါက်လာသဖြင့် သူ သက်ပြင်းတစ်ချက်ရှိုက်ကာ ခပ်လှောင်လှောင်ပြုံးရင်း

"နေပါဦး။ အခုအခြေအနေကြီးက လူအထင်လွဲစရာများ ဖြစ်နေသလားလို့။ အထားခံခဲ့ရတာက ကိုယ်ပါ။ ဇေယျာက ကိုယ့်ကို ထားသွားတာလေ။ ဒါကို ဘာလို့ ဇေယျာက င်ိုနေရတာတုန်း။"

"မဟုတ်... ကိုစစ်.. ကျွန်တော်က..."

ကော်ဖီခွက်ကို ပွတ်သတ်နေသည့် သူ့လက်ကိုမြှောက်ကာ နဖူးပေါ်ဝဲကျနေသည့် ဆံပင်တို့ကို အပေါ်သပ်တင်လိုက်သည်။ ကုလားထိုင်နောက်မှီသို့ မှီချလိုက်ပြီး မေးပေါ်လက်ထောက်ထားရင်း ထိုလူကို နောက်ဆုံးအနေနှင့် ကြည့်ကာ ပြုံးပြလိုက်သည်။

"ဟုတ်ပြီလေ။ လမ်းခွဲကြတာပေါ့။"

ပြောပြီးပြီးချင်း သူထရပ်ကာ ကော်ဖီဆိုင်ထဲမှ ထွက်ခွါခဲ့လိုက်သည်။ ဇေယျာ ဘယ်လိုတွေ ကျန်ခဲ့မလဲ သူမသိ။ သူ့အား "ကိုစစ်.." ဟု ထပ်မံခေါ်လိုက်သံကိုတော့ သူ့နောက်နားက ကြားခဲ့ရသော်လည်း သူ ပြန်မလှည့်ကြည့်ဖြစ်။
ကော်ဖီဆိုင်မှ ထွက်ကာ စက်လှေကား အထပ်ထပ်စီးရင်း စူပါမားကတ်ထဲ ဝင်ကြည့်ဖြစ်သည်။

အသည်းကွဲလာတာဆိုတော့ ဘီယာသောက်ရမလား။ ဝိုင်ပဲသောက်ရမလား။

ကြယ်တာရာခေတ်မှ နံပါတ်တစ် စားဖိုမှူး(own creation) Where stories live. Discover now