အပိုင်းနှစ် - ငါ့အိပ်ရာထဲက အလှလေးက ငါ့ချစ်သူမဟုတ်ဘူးတဲ့

215 21 0
                                    

"အာ့ .... ဖြည်းဖြည်း။"

ခန္တာကိုယ်အောက်ပိုင်းမှ သာယာမှုတို့က လှ်ိုက်ခနဲ။ တဆစ်ဆစ်ကိုက်နေသည့် ခေါင်းကြောင့် အသိစိတ်က ဝေဝါးနေပေမယ့် အင်မတန် စိတ်အားတက်ကြွစေသည့်လေသံဖြင့် သူ့ကို ဖြည်းဖြည်းလုပ်ဖို့ပြောနေသည့် အသံကိုကြားလိုက်ရသည်။  မျက်လုံးဖွင့်ကြည့်တော့ သူ့အောက်တွင် လှဲလျောင်းလျက်ရှိသော နူးညံ့သည့် အဝတ်ဗလာကိုယ်နှင့် ချောမောသည့် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

ဘုရားရေ။ လှလိုက်တဲ့ မျက်နှာလေး။

ရုတ်တရက်မို့ သူကြောင်ပြီး ငေးမိနေသည်။ ထိုကောင်လေး၏ မျက်ရည်ဥများဝေ့သီနေသော မျက်လုံးဝိုင်းဝိုင်းလေးနှင့် အကြည့်ချင်းဆုံမိသွားတော့ သူသတိပြန်ဝင်လာသည်။

ငါ ဓာတ်လှေကားထဲမှာလေ။ နောက်တော့ ဓာတ်လှေကားက ပျက်ကျသွားတယ်။ ပြီးတော့ ငါ့အောက်မှာ နတ်သားလေးတစ်ယောက်က ကိုယ်လုံးတီးနဲ့ ငါ့ကို ဖြည်းဖြည်းလုပ်ဖို့ပြောနေတယ်။ ငါနတ်ပြည်ရောက်လာတာလား။ နတ်ပြည်မှာလည်း ဒီလိုအပြာရောင်ကိစ္စတွေရှိတယ်ပေါ့။ ဒါ့ထက် ငါကတကယ်ကြီး နတ်ပြည်ရောက်လာတာလား။ ငါကလေ ...။

"ဟင့်~ ဘာလို့ရပ်နေတာလဲ။"

သူ့ခေါင်းထဲ တောင်စဉ်ရေမရတွေးနေတုန်း အောက်က အလှလေးက အားမရသည့်လေသံဖြင့် ညုတုတုချွဲလာသည်။ သူလည်း ထိုအချိန်မှ သူ့ရဲ့အငယ်ကောင်က အလှလေး၏ကိုယ်ထဲရှိနေမှန်း သတိထားမိလိုက်သည်။ သူငုံကြည့်မိတော့ နှာခေါင်းတွေပါ ပူထူလာရသည်။ ဝုန်းဒိုင်းကျဲသွားသည့် နှလုံးကို ထိန်းချုပ်ဖို့ အသက်ပြင်းပြင်းရှုမိလိုက်တော့ ချိုအီသည့် နှင်းဆီရနံ့က နှာခေါင်းထဲ အလုံးအရင်းဖြင့် တိုးဝင်လာသည်။ စန္ဒကူးအနံ့ကလည်း နှင်းဆီရနံ့နှင့်အတူ ရောထွေးလျက်။

စောက်ရမ်း ဆွဲဆောင်မှုရှိလွန်းတယ်။ ငါလူး။

ရင်ထဲမှ အလိုဆန္ဒများက တရိပ်ရိပ်ထိုးတက်လာပြီး သူသေချာမစဉ်းစားတတ်တော့ချေ။ ဆေးသောက်ထားသလိုပင် တက်ကြွလာကာ သူ့အောက်မှ အလှလေးကို သူ စိတ်ပါလက်ပါဖြင့် အကြိမ်ကြိမ်အခါခါ၊ မကျေနပ်မချင်းစားသောက်လိုက်တော့သည်။

ကြယ်တာရာခေတ်မှ နံပါတ်တစ် စားဖိုမှူး(own creation) Where stories live. Discover now