စောက်ကျိုးနည်း ။
တကယ့်ကို စောက်ကျိုးနည်း။
အရှေ့မှ ဟိုလိုဂရမ်မျက်နှာပြင်ကို ပိတ်လိုက်ပြီး သူ သက်ပြင်းအကြီးကြီးချလိုက်မိသည်။ ပထမဆုံး တွေးမိတာက 'ငါ ဝတ္ထုစာအုပ် တစ်အုပ်အုပ်ထဲ ရောက်လာတာတော့ မဟုတ်ပါဘူးနော်' ဟူသည့် အတွေးပင်။
ဒါပေါ့။ သူဒီလိုတွေးမိတာက ဒီကမ္ဘာက သိပ္ပံဝတ္ထုစာအုပ်များထဲက ဇာတ်လမ်းများနှင့် ဆင်နေ၍ပင်။ သို့သော် ဝတ္ထုစာအုပ်မဟုတ်ခဲ့ပေ။ အဖြစ်မှန်က ယခုသူရောက်ရှိနေသည့် ကမ္ဘာက ဒုတိယကမ္ဘာဖြစ်သည်တဲ့။
ယခင်က သူနေထိုင်ခဲ့သည့် ကမ္ဘာက ပျက်စီးသွားခဲ့ပြီး ယခုကမ္ဘာကို လူသားတို့ ပြောင်းရွေ့အခြေချခဲ့ကြသည်တဲ့။
ကမ္ဘာသစ်။
သူ ငိုင်ကျသွားသည်။ ဓာတ်လှေကား ပျက်ကျ၍သေရသည်ကပင် ခပ်ကောင်းကောင်းဟု ဆိုရမလားပင် မသိတော့။
သူ ဓာတ်လှေကား ပျက်ကျခဲ့သည့်နေ့က ကမ္ဘာပျက်ကိန်းစတင်သည့်နေ့ပင်။ ထိုနေ့တွင် ကမ္ဘာကို ဂြိုဟ်သိမ်များရိုက်ခတ်မှုဖြစ်ပွါးခဲ့သည်။ အတိအကျဆိုရလျှင် သူရှိနေခဲ့သည့် နှစ်ထောင်စုနှစ်မတိုင်ခင် နှစ်ပေါင်း ခြောက်ဆယ့်ခြောက်သန်းက ဒိုင်နိုဆောများကို မျိုးတုန်းစေခဲ့သော chicxulub သက်ရောက်မှုကဲ့သို့ပင်။ သို့သော် ထိုနှစ်တွင် ဖြစ်ပျက်ခဲ့သည်က လွန်ခဲ့သည့် နှစ်ပေါင်း ၆၆ သန်းတုန်းက ဖြစ်ပျက်ခဲ့သလောက် မရိုးရှင်း။
ထို ဥက္ကာခဲများ ရိုက်ခတ်မှုကြောင့် ကမ္ဘာကို ကာကွယ်ပေးနေသည့် သံလိုက်စက်ကွင်း (magnetosphere) က ပျက်စီးသွားခဲ့ရသည်။ ကမ္ဘာ့သံလိုက်စက်ကွင်းက ကမ္ဘာ၏ လှည့်ပတ်မှုအပေါ်မူတည်၍ ဖြစ်ပေါ်လာခြင်းပင်။ အဆိုပါ သံလိုက်စက်ကွင်းသည် နေမှရသည့် သံလိုက်ဓာတ်ရှိသည့်စွမ်းအင်အမှုန်အမွှားများကို လည့်ပတ်ခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်သော်လည်း ဂြိုဟ်သိမ်များ/ဥက္ကာခဲများ၏ ရိုက်ခတ်မှုဖြစ်ပေါ်လာသည့်အခါတွင်တော့ ထိုသံလိုက်စက်ကွင်း၏ ပုံသဏ္ဍာန်နှင့် အရွယ်အစားကို ပြောင်းလဲသွားစေသည်။ ထို့နောက် ကမ္ဘာ့လေထုထဲကျလာသည့် စွမ်းအင်မြင့်အမှုန်အမွှားများက ဘူမိသံလိုက်မုန်တိုင်းများကို ဖြစ်စေခဲ့သည်။ သို့တင်မကသေး၊ ထို စွမ်းအင်မြင့်အမှုန်အမွှားများက လူသားတို့နှင့် ထိတွေ့ကာ လူသားတို့၏မျိုးရိုးဗီဇများ ဆင့်ကဲပြောင်းလဲလာခဲ့သည်။ မျိုးရိုးဗီဇပြောင်းလဲလာသော လူသားတို့က ထူးခြားသည့် စွမ်းအင်များ ပိုင်ဆိုင်လာခဲ့သည်။ ထိုသည်က ကမ္ဘာပျက်ကပ်တွင် ရရှိခဲ့သော ကောင်းချီးတစ်ခုဟု လူသားတို့ထင်မှတ်နေချိန်တွင် မမျှော်မှန်းခဲ့သည်များလည်း ဖြစ်ပေါ်လာခဲ့သည်။
YOU ARE READING
ကြယ်တာရာခေတ်မှ နံပါတ်တစ် စားဖိုမှူး(own creation)
RandomThis is my own creation. Pls have a taste. Thz nya~ Cover photo - made by AI (。・ω・。) Story by AvocadorableM Starting date - 13th February 2022 Caution Slow update! Is my own creation!