အပိုင်း သုံး - ဝိညာဉ်ကူးပြောင်းလာခြင်း

174 22 1
                                    

အိမ်ပြန်တဲ့ လမ်းမှာ ပတ်ဝန်းကျင်ကို စူးစမ်းမိတော့ သူအိပ်မက်မက်နေသည်ဟုပင် ထင်သွားသည်။ အဲ့ဒီ ယာဉ်ပျံတွေက ဘာတွေလဲ။ ဟို တိုက်တွေကရော။ ဘုရားရေ .... ငါ သိပ္ပံဇာတ်လမ်းထဲရောက်လာတာလား။

ငါ သေသွားတာလား။

ပြောရရင် ဓာတ်လှေကားပျက်ကျတာက သေနိုင်လောက်လား ငါမသိဘူး။ ဒါပေမယ့် ကားရပ်ထားတဲ့ ကားပါကင်အထပ်နဲ့ စူပါမားကတ်နဲ့က သိပ်မကွာဘူး။ ရှိလှ ၃၊၄ ထပ်ပေါ့။ မသေရင်တောင်မှ ခြေကျိုး၊ လက်ကျိုးတော့ ဖြစ်နိုင်တယ်ဆိုပေမယ့် ၊ အခု ငါ့ကိုယ်က အကောင်းအတိုင်းပဲ။

နောက် အခုရောက်နေတဲ့ နေရာက ထူးဆန်းလွန်းတယ်။
သေချာပေါက်ကို ဒီလူတွေကို ငါမသိဘူး။ ဒါပေမယ့် ဒီလူတွေကတော့ ငါ့ကို သိနေတာ အရမ်းကြာနေသလိုမျိုးပဲ။ ပြီးတော့ ပိုက်ဆံပမာဏ။ ငါးသန်းဆိုတဲ့ ပမာဏကို လွယ်လွယ်လေး ဖြုန်းလိုက်တာက လုံးဝ ငါ့ပုံစံမဟုတ်ဘူး။ ထပ်ပြီးတော့ ပြောရရင် ကားပျံတွေ။ အဆောက်အဦးတွေ။ လုံးဝက်ို သိပ္ပံအက်ရှင်ကားထဲ ရောက်သွားသလိုမျိုး။

အခြေအနေအရပ်ရပ်ကို ခေါင်းအေးအေးထားပြီး သုံးသပ်ကြည့်လိုက်ရင် ငါက ငါမဟုတ်တော့ဘူး။

စစ်ငြိမ်းဟန် ရင်တွေ တလှပ်လှပ်တုန်လာသည်။ သူက တရုတ် ခေတ်သစ်သိုင်းဝတ္တုတွေကို စွဲစွဲမြဲမြဲ ဖတ်ခဲ့ဖူးသည်။ ထို့ကြောင့် ဝိညာဉ်ကူးပြောင်းလာသည်ဆိုသည့် စကားက သူနှင့်မစိမ်းပေ။ သို့သော် ယခုတော့ တကယ်ကို သူ ဝိညာဉ်ကူးပြောင်းလာခဲ့ပြီ။

အရှေ့တွင်ထိုင်နေသောလူကို ကြည့်ရင်း တံတွေးမျိုချမိသည်။ ကြည့်ရတာ ဒီလူက အခုသူဝင်နေတဲ့ကိုယ်ရဲ့ အတွင်းရေးမှူးလို လူဖြစ်မယ်ထင်တယ်။ သူက အရင်လူမဟုတ်တော့ဘူးဆိုတာ သိသွားရင် သေပြီ။ ကြည့်ရတာ မီးစင်ကြည့်ကရတော့မယ်ထင်တယ်။

*******

ကားပျံက ခြံဝန်းတစ်ခုထဲ ရပ်သွားသည်။ ထို့နောက် ထိုအတွင်းရေးမှူးဖြစ်ဟန်တူသောလူက အရင်ဆင်းကာ သူ့ဘက်မှ တံခါးကို လာဖွင့်ပေးသည်။

"အိမ်ရောက်ပါပြီ သခင်လေး။ အိမ်မှာ သခင်မကြီး ရှိနေပါတယ်။ ဗိုလ်မှူးကြီးကတော့ ခုထိ ပြန်မရောက်သေးပါဘူး။"

ကြယ်တာရာခေတ်မှ နံပါတ်တစ် စားဖိုမှူး(own creation) Where stories live. Discover now