သို့နှင့် စစ်ငြိမ်းဟန်တစ်ယောက် အာကာဝဲလ်ဆင်ဟူသော အမည်ဖြင့် နေလာသည်မှာ ခြောက်လနီးပါးရှိချေပြီ။ ထို အတောအတွင်း ဤဒုတိယကမ္ဘာမှ နည်းဥပဒေသများနှင့်လည်း ရင်းနှီးလာခဲ့ပြီဖြစ်သည်။ သူ့အနေနှင့် မူလကိုယ်၏ မိခင်ဖြစ်သူလော်ရာဝဲလ်ဆင်အား ကြောက်ရွံ့ဆဲဖြစ်သည့်တိုင် ဒီမိသားစုနှင့် နေရတာ သူအင်မတန်မှ ပျော်ရွှင်မိလေသည်။
ယခု ညနေတွင် မီလန်ဝဲလ်ဆင်တစ်ယောက် တာဝန်ချိန်ပြီးဆုံး၍ အိမ်ပြန်လာမည်ဖြစ်သည်။ ထို့ကြောင့် စစ်ငြိမ်းဟန် အင်မတန် စိတ်လှုပ်ရှားနေမိသည်။ မူလကိုယ်ဖြစ်သူနှင့် သူ၏အစ်မ မီလန်ဝဲလ်ဆင်တို့၏ ဆက်ဆံရေးမှာ ကောင်းသည်၊ ဆိုးသည်ဟူ၍ သူမသိထားပေ။ သူ့ခန့်မှန်းချက်ကတော့ မူလကိုယ်၏ မိခင် လော်ရာဝဲလ်ဆင်နှင့် ဆက်ဆံရေးကဲ့သ်ို့ မကောင်းမဆိုး ခပ်တန်းတန်းသာ ဖြစ်မည်ဟူ၍ပင်။
တွေးနေရင်းပင် သူ့အခန်းပြတင်းပေါက်မှတဆင့် စက်ဘက်သုံးယာဉ်ပျံတစ်စီး ခြံဝန်းထဲသို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ မကြာမီပင် စက်ရုပ်လုံးလေးက သူ့အား မိခင်နှင့် အစ်မဖြစ်သူကို ကြိုဆိုရန် လာရောက်ခေါ်ဆ်ုလေသည်။ သို့နှင် ရင်တထိတ်ထိတ်ဖြင့်ပင် မိခင်နှင့် အစ်မဖြစ်အား ကြိုဆိုရန် ဧည့်ခန်းမသို့ သူလိုက်ပါလာခဲ့သည်။ သူ့အနေနှင့် ယခုကမ္ဘာတွင် နေထိုင်စဉ်တစ်လျှောက်လုံး ဖခင်ဖြစ်သူ ရှိန်းသန့်ဖြင့်သာ မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံမှု ရှိခဲ့ပြီး မိခင်ဖြစ်သူ လော်ရာဝဲလ်ဆင်နှင့် အစ်မဖြစ်သူ မီလန်ဝဲလ်ဆင်တို့မှာမူ စတားနက်ဝေါ့မှသာတစ်ဆင့် ဗီဒီယိုကောလ်ဖြင့်သာ ဆက်သွယ်ခဲ့ရာသည်။ ထိုသို့ဆက်သွယ်သည့် အကြိမ်ရေမှာလည်း တစ်ခေါက်တည်းသာဖြစ်သည်။ ယခု အားလုံးနှင့် မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံရမည်ဖြစ်သဖြင့် သူ့အနေနှင့် အင်မတန်ပင် စိတ်လှုပ်ရှားနေရသည်။
"အာကာ။ အရမ်းကြောက်မနေပါနဲ့။ သားအမေ သားကို မဆူစေရဘူး။ အဖေကတိပေးတယ်။"
သူ့ပုခုံးပေါ်လက်တင်ကာ တီးတိုးဆိုလာသည့် ရှိန်းသန့်။ အနည်းငယ်ကြောင်အသွားပေမယ့် မူလကိုယ် ပြဿနာရှာထားသည့် ကိစ္စများဟု မှန်းဆမိတော့ ပို၍ပင် ရန်ခုန်လာရသည်။
သူ့တွင် မူလကိုယ်၏ မှတ်ဉာဏ်များ ရှိမနေပေ။ မူလကိုယ်ရှာထားသည့် ပြဿနာများမှာ ကြီးကြီးမားမား မဟုတ်ပါစေနှင့်ဟူ၍ ဆုတောင်းရုံသာ တတ်နိုင်သည်။
YOU ARE READING
ကြယ်တာရာခေတ်မှ နံပါတ်တစ် စားဖိုမှူး(own creation)
De TodoThis is my own creation. Pls have a taste. Thz nya~ Cover photo - made by AI (。・ω・。) Story by AvocadorableM Starting date - 13th February 2022 Caution Slow update! Is my own creation!