Unicode
မထိတွေ့ကြည့်ရတာတောင် အိစင်းနေမှန်းသိသာစေတဲ့ဆံသားအနက်လေးတွေရယ်... မဲနက်စွာထင်းနေတဲ့မျက်ခုံးတစ်စုံရယ်... အ၀ေးကကြည့်ရတာတောင်ရှင်းလင်းနေအောင်မြင်ရတဲ့မျက်တောင်စိတ်ညီညီလေးတွေရယ်... ကြည်ဖန့်ဖန့်မျက်၀န်းတွေရယ်... ဖြောင့်တန်းစွာချွန်တန်းနေတဲ့ နှာတံတစ်စုံရယ်... ထိုနှာတံလေးရဲ့ဘေးကမှည့်နက်လေးတစ်ခုရယ်... နီရဲရဲနှုတ်ခမ်းပါးလေးရယ် ကို ပိုင်ဆိုင်ထားတဲ့ အဖြူရောင်ကောင်လေးရဲ့ လှည့်အကြည့်မှာ ဟီဆွန်းမှင်သက်သွားရသည်။
ဟီဆွန်းမြင်တာ မမှားဘူးဆိုရင် ထိုကောင်လေးရဲ့ မျက်၀န်းအိမ်ထဲအရည်ကြည်တွေတွဲခိုနေခဲ့သည်။
"သရဲက အဲ့လောက်တောင်လှလို့လား?''
ဟီဆွန်းရဲ့ တအံ့တဩထွက်ကျလာတဲ့ စကားကြောင့် ဆောင်ဟွန်း သွားစွယ်လှလှလေးတွေ ပေါ်အောင်ရယ်လိုက်မိသည်။
*သွားစွယ်လေးတွေလဲ ရှိတာပဲ*
"အဟက် မဟုတ်မှ ကျွန်တော့်ကို သရဲလို့ထင်နေတာလား''
လွန်ခဲ့တဲ့ မိနစ်အနဲငယ်ကအထိ သရဲလို့ထင်နေခဲ့တဲ့ ဆောင်ဟွန်းက သူ့ကို ရယ်ရယ်မောမောနဲ့စကားပါပြောလာတာကြောင့် ဟီဆွန်း ပါးစပ်အဟောင်းသားနဲ့ မှင်သက်သွားရသည်။
*အကိုက အရင်လို ချစ်ဖို့ကောင်းတုန်းပဲ''
"လူလေး ဒီမှာဘာလုပ်နေတာလဲ...မင်းသူငယ်ချင်းတွေ မင်းကိုရှာနေကြပြီ''
အိမ်ပိုင်ရှင် အဘိုးရောက်လာတာကြောင့် ဟီဆွန်းတို့စကားစဖြတ်လိုက်ရသည်။
"အာ ဟုတ်သား ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်''
"နေဦး နောက်ဆို ဒီဘက်ကိုမလာနဲ့ လူလေး''
"ဗျာ???''
"ဒီမှာ မင်းစိတ်၀င်စားလောက်မဲ့အရာမျိုးမရှိတာမို့ ထပ်မလာပါနဲ့''
ထိုအဘိုးအိုရဲ့ တင်တင်စီးစီး စကားကြောင့် ဟီဆွန်းဒေါသထွက်သွားမိတာတော့အမှန်ပါ။ဘယ်လိုပဲသူအိမ်မှာ တည်းနေရပါစေဦး သူ့ကိုလိုက်ပိတ်ပင်တာမျိုးကို လုံး၀မကြိုက်ပါ။သို့သော်လည်း အခုချိန် သူ့အာရုံအစုံက အရှေ့ကအဖြူရောင် ကောင်လေးအပေါ်မှာသာ ရှိနေသဖြင့် ဘာမှမတုန့်ပြန်မိလိုက်ပါ။

BINABASA MO ANG
FATE
Fanfiction"If we met in another life,I'd want to be yours and I'd want you to be mine" LHS × PSH Written by Burmese //The whole fiction is just imaginary.//