Chapter [4]

265 35 13
                                    

"ဟီဆွန်း နိုးတာ နောက်ကျတယ်နော် အိမ်မက်တွေထပ်မက်ပြန်ပြီလား?"

အိပ်ယာထနောက်ကျတဲ့ ဟီဆွန်းကို ဂျယ်ယွန်းကမေးလိုက်ခြင်းဖြစ်သည်။

"ဟင့်အင်း ဘာအိမ်မက်မှမမက်ဘဲကိုကောင်းကောင်း အိပ်ပျော်သွားတာ"

"အဲ့ဒါကြောင့် မင်းကြည့်ရတာ လန်းဆန်းနေတာကို"

"ဒါနဲ့ မင်းတို့က ဘယ်သွားဖို့ပြင်ပြင်ဆင်ဆင်
လုပ်ထားတာလဲ"

ကျကျနနပြင်ဆင်ကာ dining table ပေါ်တွင်မနက်စာစားနေကြတဲ့ ဂျယ်ယွန်းကို အခုမှသတိထားမိတာကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"assignment အတွက်လေ မင်းမသိသေးဘူးလား"

"ဟုတ်သား မနေ့က မင်းက ကားပေါ်အိပ်ပျော်နေခဲ့တာကို!ရှင်းပြမယ်...ဒီလိုလေ မင်းသိတဲ့အတိုင်း မင်ဂျီရယ် ဒိုယောင်းရယ် မင်းရယ်ကတစ်ဖွဲ့လေ ပုံမှန်ဆို တစ် group ကို 5 ယောက်ပေမဲ့ မင်းတို့က မင်းတို့ကနောက်ဆုံးအဖွဲ့ဖြစ်ပြီး လူမလောက်တော့တာကြောင့် သုံးယောက်ထဲဖြစ်သွားတာ...အုပ်စုလိုက် ကျောင်းကားနဲ့သွားရတာမ‌ေန့က‌ေနာက်ဆုံးပဲ... သွားရမဲ့‌နေရာနဲ့ location ကို group chat တွေကပို့ပေးပီး assignment အတွက် detail facts တွေကို Tchel ဆီမှာ ကိုယ်တိုင်သွားယူလဲရတယ် pdf file နဲ့ပို့ပေးမယ်တဲ့ အဲ့ဒါကြောင့် ဒီနေ့ကစပြီး အကုန်လုံးကို ကိုယ်အဖွဲ့လိုက်ပဲ လှုပ်ရှားရမှာ အဲ့ဒါကြောင့် ငါတို့က အခုသွားကြဖို့လေ... မင်းကရော မင်ဂျီကတော့ထားပါတော့ ဂျေးပြောပြလို့သိပီးပီ ချွဲဒိုယောင်းနဲ့ရော အဆက်အသွယ်မရဘူးလား"

"ဟင့်အင်း ဒီအကြောင်းတွေတောင် မင်းတို့ပြောမှငါသိရတာကို ဘယ်လို လို့ သူနဲ့အဆက်အသွယ်ရှိမလဲ ပြီးတော့ ချွဲဒိုယောင်းဆိုတဲ့သူမျိုးက ဘယ်တုန်းက ဒါတွေစိတ်၀င်စားလို့လား... မင်ဂျီပါရင်တော့တစ်မျိုးပေါ့...ငါတော့ solo ပဲလိမ့်ရတော့မယ်ထင်တယ်"

မနေ့က ဆရာမ ကင်မ် ပြောသမျှကို သတွေမသိမ်းရှင်းပြပေးနောက် ဂျယ်ယွန်းတစ်ယောက် ရေခရားထဲမှရေများ တစ်စက်မကျန် ကုန်အောင်သောက်လိုက်ရသည်။

FATE Tempat cerita menjadi hidup. Temukan sekarang