Part - 1

924 147 11
                                    

Unicode

တရှိန်ရှိန်ပူလာသော လမ်းမထက်မှ တံလျှပ်ထနေသော နေပူရှိန်ကိုငေးကြည့်ကြသော ဂျုံဆောင်းအပါအဝင် နိုဗီသည်လဲ ပူအိုက်သောချွေးစတို့နှင့်ဆံနွယ်တွေကိုသပ်နှောင်ကာ သက်ပြင်းမောကိုချသည် ။

နေမင်းကြီးက အငြိုးကြီးလွန်စွာ အရည်ပျော်ကျလောက်အောင်ပူပြင်းပေးတော့ ဆယ့်နှစ်ရာသီပတ်လုံး အေးစိမ့်စိမ့်ဥတုဝန်းကျင်တွင်ကျင်လည်ခဲ့ရသော Kuraမှလူတွေ အကုန်လုံးနီးပါး နွေနေ့လည်မှာ မောဟိုက်ပင်ပန်းလွန်းနေကြခြင်းပင်...။

ဂျုံဆောင်းလက်ထဲမှဝယ်လာသောရေခဲမုန့်သည်လဲတစိမ့်စိမ့်ပျော်ကျကာ
ခပ်ဖောင်းဖောင်းဂျုံဆောင်းလက်တွေပေါ်စီးကျနေသည်..။
အက်ကွဲကြောင်း ထင်နေသော အောက်နှုတ်ခမ်းကိုလျှာဖျားနှင့်သပ်ရင်း ရေဓာတ်လိုနေသော နှုတ်ခမ်းကိုု စိုစေသည်.. မိုးအုံ့နေတဲ့အချိန် ထီးမယူလာမိသော နိုဗီ့ကို အပြစ်တင်ချင်ပေမယ့် နေပူပူမှာအားအင်ကုန်ခမ်းလွန်းတာမို့ အပြစ်ပင်မတင်နိုင်..။

ဆိုင်ထဲက မထွက်ရသေးသော သူများထဲတွင် ဂျုံဆောင်းတို့အပြင် တခြားကလေးလေးတွေပါရှိသည်..။
အချင်းချင်းငြင်းခုန်စနောက်နေသောကလေးတွေကိုကြည့်ကာ နှစ်ယောက်လုံးခေါင်းခါနှာခေါင်းရှုံ့မိကြသည်..နေပူပူပင်ပန်းလွန်းတဲ့ကြားမှာနားပူခံရခြင်းသည် သက်သာလှသည်မဟုတ်ပေ...။ အထူးသဖြင့် အားကုန်မယ့်ကိစ္စတွေဆိုပိုစိတ်မဝင်စားတဲ့ဂျုံဆောင်းက အခုလဲ နိုဗီ့ရဲ့အတင်းခေါ်ဆောင်မှုကြောင့်သာမဟုတ်ရင် အခန်းတွင်းအောင်းကာအိပ်နေမိဦးမည်...။

" နေနည်းနည်းရိပ်သွားပီ ဂျုံဆောင်း ပြေးရအောင်..."

" နင့်ဘာသာပြေး နေပူရတဲ့ကြားထဲ ပြေးဦးမလို့လား..."

ဘုတောသောဂျုံဆောင်းစကားသံမှာ နိုဗီ့နှာခေါင်းလေးရှုံ့ရင်း မျက်စောင်းခဲသည်..။ကျောလယ်မကတော့တဲ့ဆံနွယ်တွေဟာချွေးနစ်နေ၍ ဝတ်ထားသော အကျီပင်ကျောတွင်ကပ်နေလေပြီ..။

တစ်ဦးတည်းသောသူငယ်ချင်းမလေးဟာ သိပ်ကို နမော်နမဲ့နိုင်သည်..နွေရာသီမှာထီးမေ့ခဲ့တာ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ...။

𝙱𝚎𝚢𝚘𝚗𝚍 𝚃𝚑𝚎 𝙺𝚞𝚛𝚊 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now