Part - 5

708 126 7
                                    

Unicode

နှိုးစက်သံက မနက်ခင်းမှာဆူဆူညံညံထွက်ပေါ်တဲ့အခါ ဂျုံဆောင်းရဲ့ခန္ဓာကိုယ်က ကုတင်ထက်မှာ တပတ်လှိမ့်ပစ်နေသည်..။
ညကအစောကြီးအိပ်ပေမယ့် မနက်ခင်းကိုလဲအစောကြီးမထချင်ဘူး..။

ခြေထောက်ပေါ်မှာတင်ထားတဲ့စောင်ကို ရင်ဘတ်ပေါ်ထိပြန်ခြုံရင်းလှဲနေတဲ့အခါ ဒုတိယအကြိမ်မြောက် နှိုးစက်ဆီက ဆူညံတဲ့အသံတွေထွက်လာပြန်သည်..။

နာရီကို ဆယ့်ငါးမိနစ်တစ်ခါလုပ်ထားတာမို့ နောက်တကြိမ်မြည်ပီးမှထလဲရပါတယ်..။

တတိယအကြိမ်မြောက်မှာတော့ ဂျုံဆောင်းမထပဲနေ၍မရတော့ ။
ခုနှစ်နာရီကျော်နေပြီဖြစ်သည်..။ထို့ကြောင့်ကမန်းကတမ်းထကာ ပြင်ဆင်ရင်း ကျောင်းသွားဖို့ပြင်ဆင်ရတော့သည်..။

မှန်ရှေ့မှာကိုယ်ကို တစ်ပတ်လှည့်ကြည့်ကာ စိတ်တိုင်းကျလောက်ပီလို့တွေးမိမှ အခန်းတံခါးဖွင့်ရင်းအောက်ထပ်မြန်မြန်ဆင်းခဲ့သည်..တံခါးနောက်ကွယ်က ကျောင်းဝတ်စုံတွေကတော့ ကုတင်ပေါ်မှာ ပြန့်ကြဲ၍ ကျန်ခဲ့သည်...။

" မနက်စာစားသွားဦးလေ သား..နောက်မကျပါဘူး..."

" မစားတော့ဘူး...ဒီနေ့ဂျယ်ယွန်းက စက်ဘီးရပီဆိုလို့ တူတူသွားရအောင်သွားခေါ်မလို့..."

ပါးစပ်မှာ ပေါင်မုန့်တစ်ခုကိုက်ရင်း အမေ့ရဲ့ပါးကို နှာခေါင်းနစ်မတတ်နမ်းကာ ပြေးထွက်ခဲ့တော့ နောက်မှ.မကြားတကြားစကားပြောသံတွေကိုဂျုံဆောင်းကြားရသည်..။

သို့ပေမယ့် ထူးထူးဆန်းဆန်း ဒီနေ့သူ့စိတ်တွေပိုကာပျော်ရွှင်နေသည်.. ဂျုံဆောင်းက စိတ်ညစ်တတ်တဲ့လူမျိူးမဟုတ်ဘူး..စိတ်ညစ်စရာရှိခဲ့ရင်တောင် ပေါ့ပေါ့ပါးပါးဖြတ်သန်းလေ့ရှိတဲ့လူ..။

စက်ဘီးဒေါက်ကို ခြေထောက်နဲ့ခပ်မြန်မြန်ခတ်ထုတ်ရင်း အိမ်ရှေ့က ခြံဝမှာစုံရပ်လိုက်ကာ

" ဂျယ်ယွန်းရေ...ဂျယ်ယွန်း ကျောင်းသွားမယ်..."

ခဏပဲခေါ်လိုက်ရသည်..အဝါမကလိမ္မော်မကျတဲ့အရောင် စက်ဘီးလေးနဲ့အတူ ဂျယ်ယွန်းက ပြေးထွက်လာသည်..။ သူ့ကိုမြင်တာနဲ့ရယ်ပြလာတဲ့ဂျယ်ယွန်းရဲ့အပြုံးတွေကနှစ်လိုဖွယ်ရာပါပဲ....

𝙱𝚎𝚢𝚘𝚗𝚍 𝚃𝚑𝚎 𝙺𝚞𝚛𝚊 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now