Part - 2

708 141 21
                                    

Unicode

အချစ်ဆိုတာ အရှေ့အိမ်ကကောင်လေးလဲဖြစ်နေနိုင်တယ်...

~~~~~~~~


" မင်းကြိုက်တဲ့အခန်းလဲရွေးပီးပီ ဂျယ်ယွန်း စိတ်တိုင်းမကျသေးဘူးလား.."

ဝါကျင်ကျင်မီးအလင်းရောင်ထိန်လင်းနေတဲ့အခန်းတွင်းမှာ ဂျယ်ယွန်းရဲ့အလိုမကျသောနှာမှုတ်သံနှင့်အတူ ဂျယ်ယွန်းရဲ့အကိုဖြစ်သူ၏ မကြည်မလင်မေးခွန်းက ထွက်ပေါ်လာသည်..
နွေလေပူက ညချမ်းရောက်သည့်တိုင် ခြံထဲမှာမေပယ်ပင်ကြီးကြီးဖြတ်တိုက်ရင်း ပူနွေးစွာအခန်းတွင်းဝင်လာသည် တိုက်ခတ်သောလေပြေကြောင့် ဝေ့၀ဲသော လိုက်ကာစ အပြာရောင်ဟာ မီးရောင်အောက်မှာ တဝဲ၀ဲ..။

မွေ့ရာပေါ်လှဲအိပ်နေသော ဂျယ်ယွန်းနှင့် မိုးပြာရောင် အိပ်ရာခင်းစဟာ မီးရောင်အောင်မှာ တမျိုးလိုက်ဖက်နေပြန်သည်..။
မကျေမချမ်း မျက်ခုံးနှစ်ဖက်ကိုချိူးကာ ကုတင်ခြေရင်း စားပွဲငယ်ဘေးတွင်ထိုင်နေသောအကိုဆီမှာအကြည့်တွေရှိသည်..

" စိတ်ကြိုက်အခန်းရလဲ ကျွန်တော်မှဒီမှာမနေချင်တာ ကိုကိုရာ....."

ဆိုးသည်...ရှင်းဂျယ်ယွန်းက တစ်အိမ်လုံးရဲ့အလိုလိုက်မှုအောက်မှာ လိုချင်တာမရရင် ဆိုးသွမ်းလာတတ်တဲ့ ငဆိုးလေး..။ အမြဲတမ်းအလျော့ပေးလာပါသော်လည်း အခုချိန်မှာတော့ မဖြစ်မနေပြောင်းရမယ့် အဖေ့ရဲ့အလုပ်ကြောင့် ပြောင်းရွေ့လာရတဲ့အခါ ဂျယ်ယွန်းစိတ်ထဲသောင်းကျန်းမရပဲ ရန်လုပ်ကာ တစ်ယောက်တည်း ကောက်တော့သည်..။

18ပင်မပြည့်သေးတဲ့ ဒီကလေးသာသာကောင်လေးက အခုချိန်ထိ အရင်အိမ်ဟောင်းမှာဆို လမ်းမထက်ကလေးတစ်သိုက်နှင့် ငြင်းခုန်ကာဘောလုံးကန်ကောင်းဆဲ..။
ကလေးဗိုလ်လုပ်ရင်း.ကျင်လည်နေတဲ့ဝန်းကျင်ကနေ ဝန်းကျင်သစ်မှာ ဒီကလေး အဆင်ပြေပါ့မလားဆိုတာတော့ စိတ်ပူသည်..။

" တစ်နှစ်ပဲလေ....ဟိုမှာ ပါပါးစီးပွားရေးက ဘယ်လောက်ထိကျပ်တည်းနေလဲ ဒါတွေ မင်းကိုမပြောပြချင်လို့ ဒီတစ်နှစ်ပီးရင် မင်းလဲ တက္ကသိုလ်တက်ဖို့အတွက်ပြန်ပြောင်းရမှာပဲ..အဲ့တာကြောင့် လိမ်လိမ်မာမာနေစမ်းပါ ဂျယ်ယွန်းရာ.."

𝙱𝚎𝚢𝚘𝚗𝚍 𝚃𝚑𝚎 𝙺𝚞𝚛𝚊 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now