Part - 6

664 89 15
                                    

Unicode

ဂျောင်ဝန်းရဲ့ခြေထောက်လေးက ခုန်ဆွခုန်ဆွဖြင့်လုပ်လျက်ရှိနေသည်..။ ဒါကလဲဘေးက ဟီဆွန်းနဲ့အများကြီးသက်ဆိုင်သည်...။ ဘောင်းဘီအိတ်ကပ်ထဲကိုလက်နှိုက်လို့ ဖြေးညှင်းစွာလျှောက်နေတဲ့ ဟီဆွန်းဘေးမှာ ဂျောင်ဝန်းဟာ ပြုံးပြုံးလေးဖြင့် ခြေထောက်လေးတွေကိုခုန်ဆွလို့ ဘေးတိုက်ငေးမောရင်းလျှောက်လျက်ရှိသည်..။

ဟီဆွန်းဟာဒီလိုအခြေအနေတွေကိုရိုးအီနေပြီ..။ ထူးဆန်းလွန်းတဲ့အရာမဟုတ်တော့ပေမဲ့ တစ်နှစ်လောက်ကြာသွားပီးမှပြန်ကြုံရချိန်မှာ အနည်းငယ်တော့ ရှက်စရာကောင်းတာကိုခံစားမိသည်..။ ဂျောင်ဝန်းဟာတော့မပြောင်းမလဲ..။

ဂျောင်ဝန်းဆီက အာရုံကိုရှေ့တွင် စက်ဘီးတစ်စီးကိုတွန်းလို့ ခပ်ဖြေးဖြေးသွားနေကြတဲ့နှစ်ယောက်ကိုငေးကြည့်လို့လွှဲလိုက်သည်..။ ဂျုံဆောင်းရဲ့လက်တွေနဲ့သိုင်းဖက်ခြင်းခံထားရတဲ့ ဂျယ်ယွန်းဆိုတဲ့ကောင်လေးက ခပ်သေးသေးရယ်...
စကားပြောရင်း တဟားဟားရယ်မောနေတဲ့ဂျုံဆောင်းက သိပ်ခင်တွယ်နေတာကိုမြင်ရတော့ တိတ်တဆိတ်ပဲ ဝမ်းသာမိပြန်သည်..

အာရုံတွေက ဂျုံဆောင်းတို့နှစ်ယောက်စီမှာရှိနေတယ်လို့ထင်နေပေမဲ့ တကယ်တမ်းမှာ ဖြတ်ခနဲ ရှေ့သို့ ငိုက်ကျသွားတဲ့ဂျောင်ဝန်းဆီမှာရှိနေသည်..။ လျင်မြန်လွန်းတဲ့လက်တွေကဂျောင်ဝန်းလက်နှစ်ဖက်ကိုဆွဲဖမ်းလိုက်ရင်း

" ရှေ့ကိုကြည့်လျှောက် hyungမျက်နှာမှာ လမ်းကရှိနေတာမဟုတ်ဘူး..."

ဂျောင်ဝန်းက နှာခေါင်းလေးရှုံ့သည်..။ ဒီလိုပဲ အမြဲတမ်းလျစ်လျူရူ့သည်..။ ဆူပူနေသယောင် မျက်နှာချောချောက မျက်ခုံးတွေကြုတ်လျက်ပြောတဲ့အခါ ဂျောင်ဝန်းနားမထောင်ပါရင် သိပ်ဆိုးတဲ့ကလေးဖြစ်သွားမှာမို့ ခေါင်းညိတ်လိုက်ရင်း ရှေ့သို့လှည့်လျှောက်သည်..။
ဒီတိုင်း မြေနီလမ်းဖြစ်၍ hyungမျက်နှာရှိမနေတာကလွဲ၍ လမ်းလျှောက်လို့တော့အဆင်ပြေသွားသည်...။

" ဒီလောက်ပဲလိုက်ပို့ပီး ပြန်နားတော့မယ် မနေ့ကလဲကားစီးလာရတာ ပင်ပန်းတယ် ဒီနေ့တော့ အပြည့်အဝနားဦးမှာမို့လို့.."

You've reached the end of published parts.

⏰ Last updated: Aug 05, 2023 ⏰

Add this story to your Library to get notified about new parts!

𝙱𝚎𝚢𝚘𝚗𝚍 𝚃𝚑𝚎 𝙺𝚞𝚛𝚊 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now