Part - 4

640 121 7
                                    

Unicode

" နင်အမြဲကြာနေတာပဲ ဂျုံဆောင်းရာ မြန်မြန်လုပ်စမ်းပါ..."

မှန်ရှေ့မှာ သူ့အဖေရဲ့မုတ်ဆိတ်ရိတ်တဲ့ razorကိုလက်ကကိုင်ရင်း ပြောင်ရှင်းနေသောမျက်နှာထက် ဟိုခြစ်ဒီခြစ်လုပ်နေတဲ့ဂျုံဆောင်းက အင်မတန်လေးဖင့်တယ်..။ ညစာကိုအိမ်မှာမစားချင်ဘူးဆို၍ နိုဗီတို့အိမ်ဘက်ကိုလိုက်လာကာ စားသောက်ဖို့ကို အိပ်ခန်းထဲထိဝင်ခေါ်ရသည်...

ကာကီရောင်လိုက်ကာစကိုအသာလှပ်ရင်း ပြတင်းပေါက်တံခါးကိုဖွင့်တဲ့အခါ နေဝင်စပုဇွန်ဆီရောင်အလင်းရောင်ဖျော့ဖျော့ ကအခန်းတွင်းဝင်ရောက်လာသည်..

နိုဗီက ထိုနေရောင်ဖျော့ဖျော့အောက်တွင်ဝင်ရပ်ရင်း...

" ဂျုံဆောင်း...ငါလှလား...."

" ခွေးကိုသွားမေးပါလား..."

" အကောင်းမေးနေတာဟ...လူကြီးတွေကပြောတယ်..နေဝင်ချိန်ဒီလိုပုဇွန်ဆီရောင်အောက်မှာရပ်နေရင် ရုပ်ဆိုးတဲ့လူတောင်လှတယ်တဲ့ ငါလှသွားတယ်မဟုတ်လား...".

ရေမွှေးဆွတ်ဖို့ တစ်ဘူးပီးတစ်ဘူး နှာခေါင်းနားမှာအနံ့လိုက်ခံနေတဲ့ဂျုံဆောင်းက မျက်လုံးတစ်ချက်စောင်းကြည့်ကာ ကျေနပ်ရုံခေါင်းညိတ်ပြသည်..။
ထို့နောက် နီညိုရောင်ဖန်ပုလင်းပုပုလေးထဲက ရေမွှေးနံ့ကိုတစ်ချက်နမ်းကြည့်ရင်း ကျေနပ်သွားပုံရကာ လက်ကောက်ဝတ်နှင့်အတူ လည်ပင်းကိုပါအနည်းငယ်စွတ်သည်...၊

ခုံပေါ်က ပစ္စည်းတွေထဲမှာ သူ့ပစ္စည်းတစ်စုံတစ်ခုမှမပါ...အစုံအလင်ဝယ်ထားလေ့ရှိတဲ့ ဆောင်းဟွန်းဆီက ယူလာတာမဟုတ်ရင် သူ့အဖေပစ္စည်းတွေကိုလက်တည့်စမ်းတတ်သည့်ဂျုံဆောင်းက ပစ္စည်းအတော်များများကို သူ့အဖေနဲ့ ဆောင်းဟွန်းဆီက စုဆောင်းတတ်သည်..။

သူဌေးသားပေမယ့် ကပ်စီးနည်းလွန်းတယ်..

" မွှေးလား..."

နိုဗီ့နှာခေါင်းနား လက်ကိုကပ်၍ နမ်းခိုင်းရာ ရေမွှေးနဲ့မတည့်တဲ့ သူမက နောက်သို့ဆုတ်ကာ လက်သီးရွယ်သည်...။ ထိုအခါမှတဟားဟားရယ်ကာ မေ့လျော့သွားကြောင်း လက်နှစ်ဖက်ကိုလက်အုပ်ချီကာပြသည်....။

𝙱𝚎𝚢𝚘𝚗𝚍 𝚃𝚑𝚎 𝙺𝚞𝚛𝚊 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now