Part - 3

645 130 13
                                    

Unicode

" ငါ့နာမည်က ရှင်းဂျယ်ယွန်းပါ...."

ဘောလုံးပစ်တဲ့လူကပစ်သည်..ခုံကိုခေါက်တဲ့လူကခေါက်သည်...ပေါင်ဒါမှုန့်လို့ဘူးဝိုင်းလေးကို ပါးကိုဟိုတို့ဒီတို့လုပ်တဲ့လူလဲရှိသည်...
ဆံပင်ဆွဲကာရန်ဖြစ်တတ်သောနောက်ဆုံးခန်းနားက ဆောင်းဟွန်းကိုဝိုင်းလုတတ်သည့်ကောင်မလေးနှစ်ယောက်လဲရှိသည်...။

ထိုဝန်းကျင်မှာ မိတ်ဆက်သောကျောင်းသားသစ်ကိုအာရုံစိုက်သည့်သူဆို၍ ဂျုံဆောင်းတစ်ယောက်သာရှိသည်... အတန်းပိုင်ဆရာမက မိတ်ဆက်နှင့်လို့ဆိုကာ အခန်းပြင်ပြန်ထွက်သွားသည်...သေချာတာက ဂျုံဆောင်းတို့အုပ်စုပဲသိသော အကြောင်းအရာတစ်ခုကြောင့်ဖြစ်လိမ့်မည်..။

ကြည့်နေတဲ့မျက်နှာပေါ်ကို လာကျသော ပြတင်းပေါက်က လိုက်ကာစကို အမြန်ဖယ်ရင်း လက်ခုပ်ထတီးတဲ့အခါ တစ်ခန်းလုံးရဲ့အာရုံက ဂျူံဆောင်းဆီရောက်လာသည်...

ထို့နောက် အရှေ့မှလွယ်အိတ်ကိုကိုင်ရင်းတောင့်တောင့်ကြီးရပ်နေသောဂျယ်ယွန်းကိုတစ်ချက်ကြည့်ကာ ပုံမှန်အတိုင်းပင်...။ မနေနိုင်တဲ့အဆုံးမှာ ထိုင်ခုံမှထ၍ သူသာမခေါ်ရင်ရပ်နေဦးမယ့် ရှင်းဂျယ်ယွန်းကိုလက်ကဆွဲကာခေါ်ဆောင်ရင်း တူတူထိုင်နေကြဖြစ်သော ဒုံဝူဆိုသော ကောင်လေးက ကျောင်းတက်ရက်လဲမမှန်တာမို့ ဘေးခုံမှာနေရာချလိုက်သည်...။

ဘယ်သူ့သဘောနဲ့လဲဆိုရင် သူ့သဘောအတိုင်းပါပဲ..အတန်းခေါင်းဆောင်ဖြစ်တဲ့နိုဗီ့က အခန်းထောင့်မှာ လက်သည်းနီဆိုးနေ၍..။

ဟိုကြည့်ဒီကြည့်နှင့်ဂျယ်ယွန်းက ဒီအတန်းနဲ့ သုံးရက်လောက်ဆိုအသားကျသွားမှာပါ...။

တကယ်လဲ သုံးရက်ပင်မကြာတဲ့အချိန်မှာ ဂျယ်ယွန်းကနေသားကျနှင့်နေပြီ...။ကျောင်းတက်ဖို့ကြောက်ရွံ့ပုံရတဲ့ဂျယ်ယွန်းက ဂျုံဆောင်းတို့အခန်းမှာပျော်မွေ့နေလေပြီ..။

သူတက်ခဲ့ဖူးတဲ့ ကျောင်းမှာလို မာနတစ်ခွဲသားနှင့် လိုက်ပြိုင်တတ်သော လူတန်းစားတစ်ရပ်ဟာ ဒီကျောင်းမှာရှိ၍မနေ..။ ထို့အတူ အဆင့်တစ်ရမှဆိုသော စည်းမျဉ်းကြီးကလဲ ဂျယ်ယွန်းအတွက် ဒီမြို့ကိုပြောင်းချိန်မှာပျောက်ကွယ်သွားသည်...၊
အတန်းပုံမှန်ဝင်တဲ့ဆရာမရှိသလို...စာလုပ်တဲ့လူဆို၍ ဂျုံဆောင်းအပါအဝင်မှ ငါးယောက်လောက်သာရှိသည်...။

𝙱𝚎𝚢𝚘𝚗𝚍 𝚃𝚑𝚎 𝙺𝚞𝚛𝚊 // 𝙳𝚘𝚞𝚋𝚕𝚎 𝙹Where stories live. Discover now