(၁၂)

7.2K 1K 50
                                    


{Unicode}

အခန်း(၁၂)



" ....... "

လီလော့မှာ ငါးစက္ကန့်စာမျှလောက် ဆွံ့အသွားရသည်။

"ဖက်ခ်"

မဆဲရေးဘဲနှင့် မနေနိုင်တော့။

"သွမ့်မင်ယန် .. မင်းက သောက်ရူးကောင်များဖြစ်သွားတာလား"

ထိုသူ လုပ်ချလိုက်သည့် အကွက်က အလွန်ကိုမှ အကြင်နာကင်းမဲ့လွန်းလှသည်။ သွမ့်မင်ယန်က သူ့ကို ထိုင်ခုံတွင်ချည်နှောင်ထားကာ ဆံပင်တွေကို အတင်းအကျပ် ညှပ်ပစ်လိုက်မည်ဆိုစေဦး၊ အလွန်ဆုံး လုပ်နိုင်သည်မှာ အော်ဟစ်ဆဲဆိုနိုင်ရုံလောက်သာ။ ဒီလိုကိစ္စမျိုးအတွက် 'ကိုယ်တိုင်ရဲ့ သဘောတူညီချက်မပါဘဲ ဆံပင်တွေကို ညှပ်နေပါတယ်' ဟူ၍ ရဲခေါ်တိုင်လို့လည်းမရ။

သို့ဆိုပါက လီလော့ကိုတောင် ဦးနှောက်ပျက်နေသူအဖြစ် သတ်မှတ်ကာ စိတ်ကျန်းမာရေးဆေးရုံဆီ ခေါ်သွားနိုင်ချေရှိသည်။

"မင်းသာ အလုပ်ကို တာဝန်ကျေအောင်လုပ်မယ်ဆိုရင် မင်းမြတ်နိုးတဲ့ ဆံနွယ်လေးတွေကို လက်ဖျားလေးနဲ့တောင် မထိပါဘူး"

သွမ့်မင်ယန်၏ လေသံသည် လှောင်ရယ်ချင်နေသည့်အလား။

"ပြီးတော့ မင်းရဲ့ ဆံပင်တွေက ကျန်းလျို့ရှဲန်းတစ်ယောက်တည်းအတွက် အရှည်ထားခဲ့တာဆိုတော့ ငါသာ ညှပ်ပစ်လိုက်မယ်ဆိုရင် သူနဲ့ အတိုက်အခံဖြစ်နေရလိမ့်မယ် .. ဒီလိုဆို ငါလည်း အခက်တွေ့ရပြီ"

လီလော့၏ ခေါင်းထဲ အမေးသင်္ကေတတွေ ပတ်လည်ဝန်းရံလို့သွားသည်။

~ ငါ့ ဆံပင်တွေက ကျန်းလျို့ရှဲန်းနဲ့ ဘာသောက်ကြောင်းရှိလို့လဲ ~

ဆံပင်အရှည် စထားဖြစ်သည်ကတော့ ကျန်းလျို့ရှဲန်းနှင့် အလောင်းအစား လုပ်ထားမိသည်ကြောင့်ပင်၊ ထိုအကြောင်းနှင့် ပတ်သက်၍ သွမ့်မင်ယန်ကို မရမက လိုက်နေချိန်တုန်းက တစ်ခါပြောပြခဲ့ဖူးသည်။ သို့သော်ငြား ဤမျှအရှည်ရောက်သည်အထိ ဆံနွယ်တွေကို ညှပ်မပစ်ရသည့် အကြောင်းအရင်းက သက်သက်ရှိပါ၏။

"ညှပ်ချင်သပဆိုလည်း ညှပ်ပစ်လိုက်စမ်းပါ"

လီလော့၏ အသံသည် သရော်လိုဟန်အပြည့်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now