{Unicode}အခန်း(၃၀)
နှစ်ဦးသားအကြား အချင်းပွားဖွယ်ရာကိစ္စသည် ရုတ်တရက် ရေကြီးသွားသည်နှင့် ဆင်တူ၏။ ရေမျက်နှာပြင် မြင့်တက်သွားဖို့ရာ လွယ်ကူသလောက် ပြန်လည်လျော့ကျဖို့အတွက်မူကား နှေးကွေးလွန်းလှသည်။ လီလော့မှာ သုံးရက်လုံးလုံး အိမ်ထဲအောင်းနေပြီးမှသာ အိမ်အပြင်ထွက်ပြီး သွားသွားလာလာလုပ်ဖို့ စိတ်အဆင်ပြေတော့သည်။
ဤအတောအတွင်း ပရိုဂရမ်ရိုက်ကူးနေသည့် လင်းချန်သည် မအားသည့်ကြားမှ လီလော့ဆီ ဖုန်းဆက်လာကာ သွမ့်မင်ယန်နှင့်ကြားက ပြဿနာကို စိုးရိမ်တကြီး မေးလာသည်။
သူ့ထက် ခုနနှစ် ရှစ်နှစ်ကျော် ငယ်သည့် ဂျူနီယာလေးဆီမှ စိတ်ပူခြင်းကို ခံယူရခြင်းက ရှက်ဖွယ်ရာပင်။ ဖုန်းပြောပြီးသွားသည့်အခါ လီလော့သည် အိပ်ရာပေါ် ပက်လက်အိပ်နေရင်း မြင်နေရသည့် မျက်နှာကြပ်ဆီ အချိန်အတော်ကြာသည်အထိ ငေးကြည့်နေမိသည်။ ရှုပ်ရှက်ခက်နေခဲ့သည့်စိတ်တွေ ရှင်းလင်းသွားသည့်အခါမှ ရေအေးအေးလေး ထချိုးကာ ကုမ္ပဏီရှိရာဆီ ထွက်လာခဲ့၏။
ဘဝကြီးထဲ ရှင်သန်နေထိုင်ရဦးမည်ဖြစ်သလို သူ့ဖခင်ကိုလည်း ကယ်တင်ရဦးမည်။ အရွယ်ရောက်ပြီးသားသူတို့၏ ဘဝတွင် စိတ်ဓာတ်ကျနေရုံဖြင့် ဘာမှ ပြီးသွားမည် မဟုတ်ပေ။ လုပ်ဖို့ရန် ဝန်လေးသည့်ကိစ္စဖြစ်စေဦး၊ မတတ်သာ၍ ခေါင်းငုံ့ဦးညွှတ်ဖို့ရန် လိုအပ်လာသည့်အခါ ဦးညွှတ်တတ်ရပေမည်။
သို့သော်ငြား မည်သို့ပင် ဦးညွှတ်ရမည်ဆိုကာမူ တစ်စုံတစ်ယောက်၏ နောက်ဆုံးသော စည်းတစ်ကြောင်းကိုတော့ဖြင့် မထိပါးသင့်ပါပေ။ သွမ့်မင်ယန် တမင်တကာ သွေးတိုးစမ်းလိုက်သည့် အပြုအမူမှာ လီလော့၏ နောက်ဆုံးသော သည်းခံနိုင်သည့် လိုင်းကို ကျူးကျော် ထိပါးလိုက်သလိုဖြစ်တော့သည်။ ထိုသို့သောသူနှင့် အပေးအယူလုပ်ကာ ညှိနှိုင်းနေခြင်းထက် မိမိဘာသာ ရနိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားကြည့်သည်ကမှ သာဦးမည်။
ထို့အတွက်နှင့် ပတ်သက်ပြီး သွမ့်မင်ယန်က သူ့ကို ဆိုးဝါးစွာ တိုက်ခိုက်လာသည်ဆိုဦး၊ သူ့အနားတွင်ရှိနေကာ ကူညီပေးမည်ဆိုတာထက်တော့ အပုံကြီး စိတ်ချမ်းသာရမည် ဖြစ်ပါ၏။ သို့တိုင်အောင် မိမိတစ်ဦးတည်း၏ အားနှင့် အောင်မြင်နိုင်ချေ အတော်လေးနည်းပါးလွန်းသည်ကတော့ သေချာပေသည်။
YOU ARE READING
After Dawn{မြန်မာဘာသာပြန်}
RomanceTitle: After Dawn (黎明之后) Author: Bing Kuai'er (冰块儿) Status: Completed with 87 chapters Translation Status: Ongoing *** I do not own this story. All the credits go to the original author, publisher and translator. *** "မင်း ငါ့ကို မချစ်ဘူးဆိုတာ လက်ခံ...