(၃၃)

7.8K 968 65
                                    


{Unicode}

အခန်း(၃၃)

ခုခံခြင်းမရှိ လက်မြှောက်အရှုံးပေးထားသည့် လီလော့၏ ပုံစံမှာ သက်တော်စောင့်အား အကြိုက်တွေ့သွားစေ၏။ သူသည် လီလော့၏ ချောမွတ်သည့် ခါးတစ်ဝိုက်အား လက်နှင့် ထိတွေ့လိုက်သည့်ခဏ ပူနွေးနေကြောင်း ခံစားလိုက်ရသည်။ ဆေးအစွမ်းပြလာ၍ပဲလား၊ နူးညံ့အိစက်နေသည့် ခံစားချက်က အမှန်တကယ်ကိုပင် ကောင်းလွန်းကာ ထပ်ကာထပ်ကာ ထိတွေ့လိုက်ချင်မိသည်။

လီလော့၏ ဘောင်းဘီရှည်အား အပြီးထိတိုင် ဆွဲမချွတ်ရသေးရာ သူ့လက်တွေကို တားဆီးထားသကဲ့သို့ဖြစ်နေသည်။ သူသည် အနှောက်အယှက်ဖြစ်နေသည့် ဘောင်းဘီရှည်အား ကြမ်းတမ်းစွာပင် ဆွဲချွတ်ပစ်လိုက်သည်။ ထိုစဥ်မှာပင် တံခါးအပြင်ဘက်ဆီမှ ကျယ်လောင်စွာ ပြောဆိုနေသည့် အသံကို ကြားလိုက်ရသည်ဖြစ်ရာ ကောင်းမွန်နေပြီဖြစ်သည့် စိတ်ပင် ပျက်ချင်ချင်ဖြစ်သွားရ၏။

အမာရွတ်နှင် သက်တော်စောင့်သည် မျက်မှောင်ကျုံ့ကာ အော်ဟစ်လိုက်သည်။

"မင်းတို့က ဘာလဲ .. ဆူညံနေတာပဲ .. တိတ်တိတ်ဆိတ်ဆိတ်လေး မနေပေးနိုင်ကြဘူးလား"

သူ့အော်သံအဆုံးတွင် တံခါးအပြင်ဘက်မှ အသံတွေ ချက်ချင်းလိုလို တိတ်ဆိတ်သွားကြသည်။

တိတ်ဆိတ်သွားပြီးသည့်နောက် တစ်ဒေါက်ဒေါက်နှင့် မတိုးမကျယ် တံခါးခေါက်သံနှစ်ချက် ထွက်ပေါ်လာ၏။ သက်တော်စောင့်သည်ကား သည်းမခံနိုင်တော့။

"ဘယ်သူလဲကွ"

အပြင်တွင် ကျန်နေခဲ့သူတစ်ယောက်မှ ပြန်ဖြေသည်။

"အစ်ကိုကြီး .. ခဏလောက် ထွက်ခဲ့ပါဦး"

"ချီးတဲ့မှ .. ဒီမှာ ချွတ်လို့တောင်ပြီးနေပြီ"

ထိုသူသည် ပွစိပွစိရေရွတ်ကာ ဘောင်းဘီဇစ်ကို ပြန်ဆွဲတင်လိုက်ပြီး တံခါးရှိရာဆီ လျှောက်လာကာ တံခါးကို ဆွဲဖွင့်လိုက်သည်။

"ဘာကိစ္စမို့ ..... "

မေးလက်စသည် လမ်းတစ်ဝက်မှာပင် တုံးတိတိနှင့် ရပ်သွား၏။

တံခါးဝတွင် အလင်းရောင်ကို နောက်ခံထားလျက် ရှည်လျားသည့် အရပ်အမောင်းနှင့် မတ်မတ်ရပ်နေသူမှာ သူ၏ ညီအစ်ကို ဟုတ်မနေခဲ့ပါချေ။ ထိုသူ၏ မျက်နှာမှာ သုန်မှုန်၍နေပြီး ခန္ဓာကိုယ်တစ်ခုလုံးမှလည်း အေးစက်စက် အငွေ့အသက်တွေ ထုတ်လွှတ်လျက်ရှိသည်။

After Dawn{မြန်မာဘာသာပြန်}Where stories live. Discover now