(၅)

8.4K 1.1K 82
                                    


{Unicode}

အခန်း(၅)


ညစာစားပွဲကို ဘူဖေးဖြင့်တည်ခင်း ဧည့်ခံသည်။ ရှော့ရှင်း၏ ပုံမှန်ဝန်ထမ်းများနှင့် နာမည်အတော်အသင့်သာ ရသေးသည့် အနုပညာရှင်များမှာ သူ့အုပ်စုနှင့်တူ စုဖွဲ့ထိုင်ကာ စကားစမြည်ပြောဆိုနေကြ၏။ နာမည်ကြီးအရေးပါသူများမှာ ပို၍သီးသန့်ဆန်သည့် အကောင်းစား ဇိမ်ခံအခန်းများထဲ အလျိုလျိုဝင်သွားကြသည်။

ရှော့ရှင်းသည် အတော်အသင့်နာမည်ရပြီးသား အန်တာတိမ်းမန့် ကုမ္ပဏီတစ်ခုဖြစ်သည့်တိုင် လွန်ခဲ့သည့်နှစ်အနည်းအတွင်းကမှ စတင်တည်ထောင်ထားခြင်းဖြစ်သည်။ သိပ်ပြီး မကြီးကျယ်သည့်အလျောက် စာချုပ်ချုပ်ဆိုထားသည့် အနုပညာရှင်မှာလည်း အများကြီးမရှိပေ။ ကုမ္ပဏီသူဌေးဖြစ်သူလော်ဖန်ပြီးလျင် ကျန်အကြီးပိုင်းက လူများမှာ လက်ထောက်မန်နေဂျာများနှင့် ဒါရိုက်တာများဖြစ်ကြ၏။ လီလော့နှင့် လင်းချန်ကို ထည့်ပေါင်းလိုက်သည့်တိုင် သူတို့ဘက်မှ အားလုံးပေါင်း ငါးယောက်မျှသာရှိသည်။

သွမ့်မိန်ယန်ဘက်တွင်မူ တစ်ဘက်တစ်ချက်တွင် သက်တော်စောင့်သုံးယောက်၊ အခန်းထောင့်တစ်ခုဆီတိုင်းတွင် သက်တော်စောင့်တစ်ယောက်စီရှိရုံတင်မက အခွင့်မရှိသူများ ဝင်ရောက်မလာစေရန်အတွက် အပေါက်ဝတွင် စောင့်ကြပ်နေသည့် အခြားသက်တော်စောင့်နှစ်ယောက်ကရှိလိုက်သေး၏။

လော်ဖန်သည် ဤသို့သော အခြေအနေမျိုးနှင့် တစ်ခါမျှ မကြုံတွေ့ဖူးခဲ့လေရာ ကျောပြင်သည်ပင် ချွေးစေးတို့ဖြင့် စေးကပ်လာတော့သည်။ သွမ့်အိမ်တော်၏ ဒုတိယသခင်လေးသည် သာမန်မိတ်ဆုံစားပွဲတစ်ခုကို တက်ရောက်ရုံတင်မက သူနှင့် တိုက်ရိုက် ဆွေးနွေးပြောဆိုစရာရှိသည်ဟု ဆိုလာ၏။

ကျန်းမိသားစုပြီးလျင် သွမ့်အိမ်တော်သည်ကား မြို့တော်၏ အချမ်းသာဆုံးနှင့် လွှမ်းမိုးနိုင်မှုအရှိဆုံး မိသားစုဖြစ်သည်။ အခုဆိုပါလျင် သွမ့်အိမ်တော်သည် အနုပညာလောကထဲ ခြေဆန့်လာခဲ့ပြီ၊ သို့တိုင်အောင် ဤလုပ်ငန်းဆီမှ ရလာမည့် အကျိုးအမြတ်ဆိုသည်က သွမ့်အိမ်တော်၏ နှစ်စဥ်ဝင်ငွေနှင့်နှိုင်းယှဥ်လျင် တစ် ရာခိုင်နှုန်းမျှပင် ရှိမည်မဟုတ်။ အခြား အန်တာတိန်းမန့်ကုမ္ပဏီများနှင့် ပြောဆိုစရာကိစ္စတွေရှိလာခဲ့လျင်လည်း သွမ့်မိန်ယန်ကိုယ်တိုင်လာသည်က မရှိသလောက်နည်းကာ အများအားဖြင့် သူ့အတွင်းရေးမှူးနှင့်လောက်သာ ပြီးသွားတတ်သည်။

After Dawn{မြန်မာဘာသာပြန်}حيث تعيش القصص. اكتشف الآن