<Part-2>

152 16 0
                                    

At Hospital 🏥

လူနာကုတင်ထက်သတိပြန်လည်လာတဲ့အမေဖြစ်သူအနား မနေ့ညကတည်းကတစ်ညလုံးထိုင်ပြီးစောင့်နေတဲ့သားဖြစ်သူက

Minho:.အမေ နိုးလာပြီးလား

* သားလေး..သမီးလေး Arin ကော *

Minho:..Arin ကဒီနေ့ကျောင်းဖွင့်လို့ကျောင်းသွားနေတယ် အမေ...အမေပြောစရာရှိလို့လား

* အမေကအမေကောင်းတစ်ယောက်မဟုတ်ပါဘူးကွယ် သမီးလေးအပေါ်လည်းအပြစ်မရှိပဲတခြားကိစ္စတွေကြောင့်တင်းမာမိခဲ့တယ် ဒါတွေအားလုံးကအမေ့အမှားတွေပါ *

Minho:..အမေ့အမှားမဟုတ်ပါဘူးဗျာ
Arin ကငယ်သေးလို့နားမလည်သေးတာပါ
သားနောက်ကျရင်သေချာရှင်းပြလိုက်ပါ့မယ်

* အခုဘယ်လိုလုပ်ကြမလဲသားရယ် အမေတို့ဆိုင်လေးလည်းအကြွေးတွေကြောင့်အသိမ်းခံရတော့မယ် ဒီကြားထဲမှာသားရဲ့တက္ကသိုလ်ဖိုး သမီးလေးရဲ့ကျောင်းဖိုး အိမ်အတွက်ကုန်ကျစရိတ်တွေ အမေတို့ဘယ်မှာသွားရှာကြမလဲ ဒါတွေကအမေအသုံးမကျလို့ဖြစ်ရတာပါ *

Minho:..အမေအရမ်းကြီးမစိုးရိမ်ပါနဲ့ သားကျောင်းထွက်ပြီးအိမ်အတွက်အလုပ်လုပ်လို့ရတာပဲ သားအရွယ်ရောက်နေပါပြီး

* အဲ့လိုလုပ်လို့မရပါဘူး အမေ့သားကိုအမေကပညာတတ်ကြီးဖြစ်စေချင်တာအမေ့ရဲ့မျှော်လင့်ချက်တစ်ခုပါ အမေ့ရဲ့သားကောသမီးကော အမေ့လိုမပင်ပန်းရအောင်ပညာကိုအလုံးစုံသင်ကြားခွင့်ရစေရမယ် အမေဒီထက်ပိုပြီးကြိုးစားလို့ရပါတယ် *

Minho:..အမေကအသက်ကြီးပါပြီးဗျာ
သားနဲ့ညီမလေးကြောင့်အမေအပင်ပန်းခံနေရတာကိုသားကဘယ်လိုလုပ်ကြည့်ရက်မှာလဲ

ထိုစဉ်စကားပြောနေကြသည့်သူတို့သားအမိနှစ်ယောက်အနားသို့လက်ဆောင်ခြင်းတွေနဲ့ရောက်လာကြသည့်မိတ်ဆွေလင်မယားနှစ်ယောက်

" Minhoရဲ့အမေ သက်သာရဲ့လား
ကျမတို့လည်းသတင်းကြားကြားချင်းလိုက်လာခဲ့တာပါ "

"' တစ်ခုခုဆိုအကူအညီတောင်းပါဆို ကျွန်တော့်တို့ဆီဘာလို့မဆက်သွယ်လာရတာလဲဗျာ တစိမ်းဆန်အောင် "'

* Beomgyu ရဲ့ အဖေနဲ့အမေပဲ *

ဧည့်သည်လာတော့ထိုင်နေရာမှမတ်တပ်ထလိုက်သူက ဧည့်သည်တွေကိုထိုင်ဖို့နေရာပေးရင်း

You're my reason 💙Where stories live. Discover now