ခြံရှေ့ကားသံကြားတော့ သူအပြင်သို့ထွက်လာခဲ့ရာ ခြံထဲကိုချိုင်းထောင့်နဲ့ဝင်လာသည့်သူမလေးကသူ့ကိုမြင်ပြီးငိုတော့လေသည်
Arin:...အဟင်းးဟင့် !
Beomgyu:...Arin မင်းဘာဖြစ်လာလို့လဲ
သူမငိုတာမြင်တော့စိတ်ပူသွားခဲ့သူက သူမအနားကိုပြေးသွားပြီးလက်မောင်းဘေးနှစ်ဖက်ကိုဆုပ်ကိုင်ထားလိုက်ကာ
Beomgyu:...Arin
Arin:...အကို
Beomgyu:...ကိုယ့်ကိုပြော မင်းကိုဘယ်သူအနိုင်ကျင့်လိုက်တာလဲ
Arin:..ဟင့်အင်း
Beomgyu:...မငိုပါနဲ့ကွာ မင်းမကျေနပ်တာရှိရင်ကိုယ့်ကိုပြောလိုက် ကိုယ်မင်းအတွက်အားလုံးအဆင်ပြေအောင်လုပ်ပေးမယ်
Arin:...အကို...တောင်းပန်ပါတယ်နော် ဟင့် !
Arin တကယ်မသိခဲ့လို့ပါ Arin မရည်ရွယ်ခဲ့ပါဘူးBeomgyu:...Arin ကိုယ့်ကိုဘာပြောချင်တာလဲ
ကိုယ့်မျက်လုံးကိုကြည့်ပါဦးArin:..အဟင်းးဟင့် ဟင်းးဟင်းး
Beomgyu:....
သူ့ကိုကြည့်ပြီးငိုပဲငိုနေတဲ့သူမလေးကြောင့် သူ့ရင်ခွင်ထဲတွင်ဖက်ထားပေးလိုက်ပြီး အခုချိန်မှာသူမအငိုတိတ်ဖို့ကလွဲလို့တခြားဘယ်အရာတွေကိုမှ သူ မသိချင်ခဲ့တော့ပေ
Beomgyu:...ကိုယ့်အမှားတွေပါ ကိုယ်ကပဲတောင်းပန်ပါတယ် ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ နော်
Arin:..မဟုတ်ဘူး အကိုကညီမအပေါ်အရမ်းကောင်းပါတယ် ဟင့် ညီမကသာ....
Beomgyu:...ရှူးးး ထပ်မပြောနဲ့တော့ ကိုယ်နားလည်တယ် ကိုယ်မင်းအပေါ်ဘယ်တုန်းကမှစိတ်မဆိုးခဲ့ဘူး
Arin:...အကို...ညီမအကိုကို ချစ်တယ်
Beomgyu:...ဘာပြောလိုက်လဲ ?
Arin:....
ထိုစကားကိုကြားတော့သူမကိုဖက်ထားသည်မှမျက်နှာချင်းဆိုင်ပြန်နေလိုက်ပြီး သူ့မျက်လုံးထဲတွင်မြင်နေရသည့်ပျော်ရွှင်မှုပုံစံအရိပ်အယောင်များက
Beomgyu:..မင်းဘာပြောလိုက်တာလဲ
ကိုယ့်ကိုထပ်ပြောပါဦးArin:...Arin အကို့ကိုချစ်တယ်လို့....