<Part-6>

116 12 0
                                    

မနက်ကကိစ္စကြောင့်ပြန်စဉ်းစားရင်းတညလုံးအိပ်လို့မရတော့တဲ့ သူမ

Arin:..ငါကသူ့အတွက်ပြောပေးတာကိုဘာလို့ငါ့ကိုပိုပြီးစိတ်ဆိုးသွားရတာလဲ ငါပြောတဲ့ထဲဘာအမှားများပါသွားလို့လဲ ပြီးတော့...

Arin pov:...ငါ့ဘက်ကလက်မထပ်ချင်တာမှမဟုတ်တာ...ဘာပဲဖြစ်ဖြစ် အကို Beomgyu နဲ့ဆိုငါ့ဘဝလည်းပျော်ပျော်ရွှင်ရွှင်နေရလောက်ပါတယ်

Arin:..ဟွန်းး (သက်ပျင်းချသံ)

သက်ပျင်းတိုတွေခဏခဏချရင်းသူမမသိလိုက်ပဲနာကျင်နေတဲ့ရင်ဘတ်နေရာကိုဖိထားလို့ဒီညအတွက်တော့အိပ်ပျော်အောင်အိပ်စက်ခဲ့ရလေသည်

~~~

မနက်ကျောင်းမသွားခင်အခန်းပြင်ထွက်လာရင်းမနက်စာပြင်နေသည့်အမေ့အနားသွားကာ

Arin:..အိုမား

* ဘာတုန်း *

Arin:...ဒီနေ့သမီးတို့အိမ်ကိုဘယ်သူမှမလာဘူးလား

* ဟင် ဘာဖြစ်လို့မေးတာလဲ သမီးကကောဘယ်သူ့ကိုမျှော်နေလို့လဲ *

Arin:..ဘယ်သူ့ကိုမှမဟုတ်ပါဘူး ဒီအတိုင်းပဲမေးကြည့်တာပါ သမီးကျောင်းသွားတော့မယ်နော်

* ဟဲ့ ဒီကလေး မနက်စာစားသွားဦးလေ *

Arin:..တော်ပြီး မစားတော့ဘူး
သမီးသွားပြီး 🗯️

အပြေးမြန်စွာအိမ်ရှေ့ကနေလှမ်းဖြေသွားသည့်သမီးဖြစ်သူရဲ့ထူးခြားနေသည့်ပုံစံကိုကြည့်ရင်းသတိထားမိသည့် အမေဖြစ်သူကနာရီကိုကြည့်ရင်းပြုံးမိလေသည်

* တစ်ခါမှစောစောမထဘူးတဲ့ ဒီကလေး ဒီနေ့မှထူးဆန်းနေပါလား *
.
.
.

At Arin side,

Arin:....

ကျောင်းဝင်းထဲလမ်းလျှောက်ဝင်လာပေမယ့်စိတ်နဲ့ကိုယ်နဲ့မကပ်သည့် သူမ

အနောက်ကနေသူမသူငယ်ချင်းလှမ်းအော်ပြီးခေါ်နေတာတောင်မကြားသည်အထိ

Naeun:..ဟေးးး ငါ့ကိုခဏစောင့်ပါဦး Arin 🗯️

Arin:...

နောက်ဆုံးသူငယ်ချင်းကသူမကိုအမှီလိုက်ပြီးပုခုံးကိုပြေးဖက်လိုက်တော့မှသူမအသိစိတ်တွေပြန်ကပ်လာတော့သည်

You're my reason 💙Dove le storie prendono vita. Scoprilo ora