ဒီနေ့ကတော့ ကျမရဲ့မင်္ဂလာပွဲနေ့လေးပါ
ဇာတ်လမ်းကစလာကတည်းကမင်းသားနဲ့မင်းသမီးညားနေပြီးလို့ထင်နေကြတဲ့ပရိသတ်တွေကိုတော့အားနာမိလေရဲ့
တကယ်တော့ကျမရဲ့မင်းသားလေးကသူမဟုတ်သလိုမျိုး ကျမကလည်းသူရဲ့မင်းသမီးလေးလုံးဝမဖြစ်နိုင်ပါဘူး
ဘာလို့လဲဆိုတော့အကြောင်းပြချက်က ပုစ္ဆာတစ်ပုဒ်ကိုဖြေရှင်းဖို့ပုံသေနည်းတစ်ခုလိုအပ်သလိုမျိုး
ကျမလက်ထပ်ရမယ့်လူဆိုတာလည်း ကျမထက်သုံးနှစ်ကြီးတဲ့အိမ်ကအကိုရဲ့ငယ်သူငယ်ချင်းဖြစ်နေလို့ပါပဲ
^ ငါ့နေရာမှာနင်တို့ဆိုရင်ကောဘယ်လိုမျိုးခံစားနေရမလဲ ??? ^
ဒီဇာတ်လမ်းဖြစ်ပေါ်လာပုံကိုအစကနေရှင်းပြရရင်တော့ သေချာပေါက်ကျမအမေရဲ့ကြက်ကြော်ဆိုင်ကပါပဲ
.
.
.Flashback (နောက်ကြောင်းပြန်)
* ယောကျာ်းရေ ဒီမှာကြက်ကြော်သုံးပွဲတဲ့ *
** ရစေရမယ်ဟေ့ **
* ကလေးတို့ ဘာမှာကြဦးမလဲ ? Arin (အာရင်း) ရေ ဘာလုပ်နေတာလဲ မြန်မြန်လာမချပဲနဲ့ *
Arin:..လာပါပြီး အိုမား 🗯️
ဆိုင်ရဲ့မီးဖိုခန်းအပေါက်ဝမှကြက်ကြော်ပန်းကန်ယူပြီးမြန်မြန်ထွက်လာတဲ့ကျောင်း uniform ဝတ်စုံဖြင့်အသက် 18 နှစ်အရွယ်ကောင်မလေးတစ်ယောက်
* ကြာလိုက်တာဟယ် မြန်မြန်မလုပ်ပဲနဲ့ အော်ဒါမှာထားတဲ့နေရာကောသွားပို့ပြီးပြီးလား *
Arin:...အခုသွားပို့မှာပါနော်
* အိုက်ဂူး အသက်ကဖြင့်ငယ်ငယ်လေးရှိသေးတာကိုအဘွားအိုပေါက်စလိုပဲ ဒီကလေး *
Arin:..အိုမားကသမီးကိုပဲအပြစ်ပြောနေတယ်
အိုမားရဲ့သားကိုကျဘာအလုပ်မှမခိုင်းပဲနဲ့ !ဖြောင်း !!! (ကျောပြင်ကိုဗျောတင်ခံထိခြင်း)
Arin:..အား အိုမား နာတယ်လို့ 🗯️
* ငါ့သားကစာတော်တဲ့အပြင် Seoul တက္ကသိုလ်တောင်တက်နေတာ...နင်လည်းဒီအလုပ်တွေမလုပ်ချင်ရင် နင့်အကိုလိုစာကြိုးစားပေါ့ အခုတော့ဘယ့်နှယ် စာလည်းသေချာမလုပ်အဆင့်လည်းမကောင်းနဲ့ တက္ကသိုလ်တောင်တက်ရပါ့မလားနော် *