ခိုးရာလိုက်ပြေးလာတာ

15.7K 345 1
                                    

Z&U

အိမ်ရှေ့ ကွတ်ပစ်ပေါ်သို့ဆိုက္ကားပေါ်ကနေ ပစ္စည်းတွေတစ်ဂျိုင်းဂျိုင်း တစ်ဂျောင်းဂျောင်းနဲ့ ဆွဲချနေသည်အထိ ဦးမော်ကပေါ်မလာ။ အိမ်က အရှေ့ကအကာနှင့်မို့ အတွင်းကိုတော့မမြင်ရ။ သို့သော်ငြား ပျဉ်ကားထားသည့်ထိုအိမ်ကို တိမ်ထိပ်ရဲ့အသံတွေက ဖောက်ဝင်နိုင်ပါ၏။

"ဘယ်ကောင်လဲကွ ငါ့အိမ်ရှေ့လာဆူညံနေတာ!"

"ဘယ်ကောင်မှမဟုတ်ဘူး ဦးမော်ရဲ့အသဲတုန် ပူတူးတူးလေး တိမ်ထိပ်ပါဗျ
ဦးလေးကြီး ဒီမှာဆိုက္ကားခပိုတာပြန်မအမ်းနဲ့တော့"

ဦးမော်က ပုစိုးစွန်တောင်ဆွဲပြီး အိမ်ရှေ့လှေကားမှာ စောင့်ကြောင့်ထိုင်ကာ ဟိုပွတ်ဒီပွတ်လုပ်နေသည်။ အနားကပ်သွားတော့ လမ်းဘေးအရက်နံ့အပြင် ချွေးနံ့ကပါထောင်းခနဲ။ လာတဲ့ဧည့်သည်ကို ဦးမော်ခမြာခရီးဦးကြို မပြုပဲ အနံ့နဲ့နှင်လွတ်နေတာများ မှတ်ရလေသည်။

"ဦးမော် မျက်လုံးလေးဘာလေးဖွင့်ကြည့်ပါဦး သားရယ် သားရယ် တိမ်ထိမ်လေ မမှတ်မိဘူးလား"

ရောက်ရောက်ခြင်း စောက်နှင့်ထွင်းဆိုတာ ဒါမျိုးဖြစ်မည်။ တိမ်ထိမ်မှာ ကားကိုတစ်ညလုံးစီးလာလို့ ပင်ပန်းရရင်တုန်း ဦးမော်ကပါဆီးကြို ထောပနာပြု၏။

"ဟေ မိုးတိမ်ထိပ်မော်လား ငါ့နာမည်ကိုခိုးသွားတဲ့ကောင်လေး အေ့"

"အာ စိတ်ညစ်လိုက်တာ ဦးမော်ရာ မနက်စောစောမူးနေရလားလို့ ဦးမော်ရေ့ စိတ်ညစ်လာပြီ"

လှေကားကလည်းမဖယ်ပဲ တစ်အေ့အေ့ဂျို့ထိုးနေသော ဦးမော်ကို တိမ်ထိပ်စိတ်တိုလာပြီ။ တကယ်ပဲထုလိုက် ရိုက်လိုက်ခြင်စိတ်တွေများ ထိန်းမရ အသက်ကြီးသည်မို့ ငရဲရမည်ဆိုး၍သာ။

ဦးမော်ဆိုသည်မှာ တိမ်ထိပ်ငယ်ငယ်ကတည်းက ချစ်ခဲ့ရတဲ့အချစ်ဦး။ ဖေဖေ့သူငယ်ချင်းရဲ့ အငယ်ဆုံးညီဖြစ်ပြီး ဦးမော်က ငယ်ငယ်တုန်းကတော့ တိမ်ထိပ်၏ခိုလုံရာ ရင်ခွင်ကြီးဖြစ်ခဲ့သည်။ တိမ်ထိပ်ဟာ ဦးမော်ကိုဘယ်လောက်ချစ်ခဲ့လည်းဆို ဖခင်နဲ့ဦးမော် ပြိုင်ခေါ်ရင်တောင် ဦးမော်နောက်သို့ဆွေ့ခနဲ လိုက်သည်ထိ ဦးမော်ကိုချစ်သည်။

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now