ငယ်ငယ်ကအ​ကြောင်းအရာများ

257 7 1
                                    

Z&U

မော်ဦး V call ကကျသွားသည်မို့ နှမြောတသစွာ ရင်ဘတ်ပေါ် တင်ထားလိုက်တော့သည်။ နှလုံးသားထဲ တစ်ခုခုလစ်ဟာနေသလို ရင်ထဲမှာလည်း တစ်ခုခုကို လုပ်ချင်သလို ထိုင်ချင်သလို ထချင်သလိုနဲ့ နေမရထိုင်မရ။ ဖုန်းပေါ်က တိမ်ထိပ်ပုံ ​ပျောက်သွားသည်နှင့် ဆောက်တည်ရာမရသူက မော်ဦးကိုယ်တိုင်ဖြစ်နေခဲ့သည်။

ရန်ကုန်မှာတေစ်လုံး မိုးတစ်လုံးနှင့် ကြီးကျယ်ခဲ့သမျှ ယခုမှာတော့ ဘာလုပ်ရဘာကိုင်ရမှန်းမသိဘဲ နေရာတိုင်း မြင်သမျှ တွေ့သမျှက တိမ်ထိပ်တွေကြီး ဖြစ်ကုန်သည်။ ဘယ်အချိန်ကများ ဒီလောက်ထိ စိုးမိုးသွားပါသလဲလေ။

၈ တန်း ၉ တန်းလူပျိုအရွယ်မှာကတည်းက အခြားလူပျိုတွေလို မော်ဦးလွတ်လပ်မနေခဲ့ပါ။ နေရာတစ်ကာ တစ်ကောက်ကောက်လိုက်တတ်သည့် မိုးတိမ်ထိပ်မော်ဆိုသည့် ကလေးကြောင့် လင်းမော်ဦးမှာ ကလေးဖအေဘဝသို့ လုံးလုံးလျားလျား ရောက်ရှိခဲ့သည်။

မော်ဦး ၆ တန်းမှာ တိမ်ထိပ်မွေးသည်။ မော်ဦးနှင့်တိမ်ထိပ်က အသက်အရွယ် အတော်ကွာသည်။ မော်ဦးက ကျောင်းနေနောက်သည်မို့ ၆ တန်းရောက်လျှင် အသက်က ၁၃ နှစ်ပင်ဖြစ်နေပြီ။

ရန်ကုန်ကပြန်လာသော ကိုကြီးမင်းသာလက်ထဲက ဖြူဖြူဖွေးဖွေးပေါက်စကလေသည် ယခုချိန် မော်ဦး၏ အမျိုးသားလေးဖြစ်နေမည်ဟု တွေးပင်မတွေးမိပါခြေ။

လွန်ခဲ့သော ၁၃ နှစ်ခန့်က

"ကိုကြီးမင်းသားတို့ ပြန်ရောက်နေပြီဟေ့"

ရန်ကုန်ကပြန်လာလျှင် ချိုချဉ်ရတတ်သည်မို့ ရွာထဲက ကလေးအချို့ကို ဆော်သြနေပါသော တံလျှပ် ပင်ဖြစ်သည်။ နာမည်နှင့်လိုက်ဖက်အောင် လျှပ်စီးထလွန်းလှသည်မို့ လင်းမော်ဦး တံလျှပ်အောင် ကိုသိပ်ကြည့်မရပါ။

"ဟေ့ကောင် တံလျှပ် လာဦး"

"ဘာလဲ"

"ကိုကြီးမင်းသာတို့ ပြန်လာတာ မြေပဲဝေဖာပါလား"

မော်ဦးသိချင်တာကိုသာ တန်းမေးလိုက်သည်။ လျှာတွေ သိပ်ရှည်မနေပါ။

"မပါဘူး ဝေဖာအစား ကလေးသေးသေးလေးတော့ပါတယ် ဖြူဖွေးနေတာပဲ မိုးတိမ်ထိပ်မော်တဲ့ နာမည်ကောင်းပဲကွ"

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now