ယောက္ခမအိမ်တတ်

2.1K 101 9
                                    

Z&U

"ဦးမော်လာလေ ဘာလုပ်နေလဲ"

မင်္ဂလာဆွမ်းကြွေးကိုထပ်လောင်းကာ ရန်ကုန်၌ထပ်မံ ကွန့်ကြသည်မို့ မော်ဦးတစ်ယောက် အထုပ်ပိုက်ကာ ကိုယ့်အားမကြည်သည့် ယောက္ခမအိမ်သို့ မျက်နှာပူစွာပဲတတ်ရပြန်သည်။ အင်းလေ ဘယ်တတ်နိုင်ပါ့မလဲ သူများသားသမီးကို ယူထားပြီးမှတော့ ဟင် လည်းခံ မင် လည်းခံရတော့မပေါ့။

"ဒယ်ဒီ သားအခန်းထဲ အထုတ်သွားထည့်လိုက်အုံးမယ် ဦးမော်လာ"

အနုစိတ်ဖြင့် တင့်တယ်လှပသည့် အိမ်နှင့် မော်ဦးရဲ့ဝါးအိမ်နဲ့ကတော့ ကွာပါ၏။ ကွာသည်ဆိုသော်ငြားလည်း မော်ဦးလည်း ယောက်ျားသားပေမို့ ကိုယ်လက်ထပ်ပေါင်းသင်းသည့် သူအား တင့်တင့်တယ်တယ် မျက်နှာပန်းလှအောင် မထားနိုင်သော်ငြား ခါးဝတ်ကျွတ်ထွက်မတတ် ရှာကြွေးနေသည် မဟုတ်ပါလား။

"မင်းတို့အိမ်က ကြီးတော့ကြီးသား"

"ဟုတ်တယ် အဲ့ဒါကြောင့် ဦးမော်ကို ဒီမှာနေကြမလားပြောတာ ဦးမော်ကဖြင့် မလှုပ်ပဲ"

"ငါဒီမှာလာနေတော့ ငါခြံအလုပ်တွေ ဘယ်သူလုပ်မတုန်း နည်းနည်းပါးပါးစဉ်းစားဆင်ခြင်ဦး"

"ဟမ့် ဦးမော်ရယ် အလုပ်သမားငှါးပြီး ငပျောဒိုင်ထောင်လည်းရတယ် ဦးမော်ပါသာ မလုပ်ချင်တာ ထည့်ပြောပါ"

တိမ်ထိပ်က သူ့အခန့်ထဲအဝတ်ထုပ်တွေ နေရာခြကာ ရန်ပြန်တွေ့သည်။ မော်ဦးလည်း ဆက်မပြောတော့ပဲ တိမ်ထိပ်ရဲ့ စာအုပ်စဉ်က စာအုပ်တွေကိုသာ လိုက်ကြည့်နေမိသည်။ များသောအားဖြင့် အင်္ဂလိပ်စာအုပ်တွေကြီးသာ...။

"ရေမိုးချိုးတော့ဦးမော် သားလည်းချိုးတော့မယ် အတူချိုးမယ်လာ"

ဦးမော်ရဲ့လက်မောင်းတွေကို ဆွဲဖက်ကာ ရေချိုးခန်းထဲ တိမ်ထိပ်ဆွဲခေါ်လာခဲ့သည်။ နေလာတာကြာသည့် အိမ်ထောင်ဖက်တွေမို့ သိပ်ပြီးတော့လည်း ရှက်ရွံ့မနေတော့ပါ။

"ရေပူနဲ့ချိုးမလား ရေအေးနဲ့ပဲလား ဒါမှမဟုတ် သားရေစပ်ပေးရမလားဟင်"

ဦးမော်ကိုယ်ပေါ်က ဆင်စွယ်ရောင်အင်္ကျီကိုကြယ်သီးဖြုတ်ရင်း တိမ်ထိပ်က ခပ်တိုးတိုးမေးသည်။ ချိုချိုချဉ်ချဉ်ပေါင်းစပ်ထားတဲ့ အသံလေးက မော်ဦးရင်ကိုလှုပ်လှုပ်ခတ်ခတ်ရယ်။ ခပ်အီအီအကြည့်အချို့က တိမ်ထိပ်မျက်လုံးတွေကနေ ဖိတ်လျှံကျလာသည်မို့ မော်ဦးမထိန်းနိုင်စွာ ပါးပြင်နုနုကို ခပ်ဖွဖွနမ်းရှိုက်မိသည်။

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now