မင်္ဂလာပွဲစီစဉ်

2.4K 133 10
                                    

Z&U

မနက်ကတည်းက ထင်းခွဲ၊ဟင်းချက်ထမင်းအိုတည်နှင့် ညနေရောက်သည်ထိ ​မော်ဦးလုံးဝမအားပါခြေ။ အနည်းငယ်မှောင်ရီပျိုးလာကာ ငံပျာရည်ကျော်ဖို့တောင် ပြင်ဆင်ကုန်ကြပြီ မော်ဦးကခုထိရေလည်း

မချိုးရသေးသလို ဝမ်းလည်းမဖြည့်ရသေး။
နေ့ခင်းတုန်းကလည်း တိမ်ထိပ်ထည့်လာတဲ့ ပန်းကန်ထဲကပဲ တွယ်စားကာ တစ်ပန်းကန်နှင့်သာမဖြစ်မမြောက် စားလိုက်ရသည်မို့ ယခုတော့ဗိုက်ဆာလှပြီ။ တစ်ကိုယ်လုံးလည်း ချွေးတွေတစ်စိစိထွက်ကာ ရေအေးအေးလေး လောင်းချိုးချင်နေပြီ။

"ဦးမော် ရေမိုးချိုးပြီး ထမင်းစားရအောင် လာတော့လေ"

အိမ်နောက်ဖေးက တိမ်ထိပ်အသံကြားမှ မော်ဦးပုဆိုးပြင်ဝတ်ကာ ထွက်လာလိုက်သည်။

"အေး လာပြီ"

တိမ်ထိပ်က ပုဆိုးရေလဲနှစ်ခုကို ဘေးချကာ ရေးချိုးဖို့ ခွက်ကိုကိုင်နေခြေပြီ။ ကျောက်စီဗိုင်းဘေးက ခပ်သေးသေးကျောက်ပြားပေါ်တွင် ရှိနေသော ဗူးပေါင်းမျိုးစုံကို သေခြာကြည့်နေမိသည်။ မော်ဦးမှာ အီလန်ဆပ်ပြာခဲကလွဲလို့ ဘာဆပ်ပြာမှမရှိ။ အနံ့လည်းမွှေး အိင်္ကျီလည်းလျှော်လို့ဖွတ်လို့ ရသည်မို့ အီလန်တစ်တုံးသာ ဝယ်ထားဖြစ်သည်။ ယခုတော့ဗူးပေါင်းများစွားက ဘယ်ကနေဈာန်ပျံကြွလာပါသလဲ။

"နေပါအုံး ဒါတွေကဘယ်ကနေ ​ရောက်လာတာလဲတိမ်ထိပ်"

"သားဟာတွေလေ ဦးမော်ရဲ့ ဘာလို့လဲ"

တိမ်ထိပ်ကထိုအထဲမှ ဗူးတစ်ဗူးယူကာ ဖြူဖြူဖွေးဖွေးမျက်နှာပေါ် လိုက်ပွတ်နေလေသည်။ အများကြီးသိပ်မတွေးလိုက်ရ ကြော်ငြာတွေထဲက မျက်နှာသစ်ဆေးဖြစ်လိမ့်မည်။ သို့သော်မော်ဦး သိပ်စိတ်မရှည်ချင်တော့ မျက်နှာပွတ်နေတာနဲ့ ရေချိုးချိန်ဟာ အတော်လင့်နေပြီ။

"ဘာမှမလို့ဘူး ဖယ်တော့မင်းကိုငါစိတ်မရှည်တော့ဘူး ယောက်ျားပဲ အဲ့လောက်ပြင်စရာလိုလို့လား မျက်နှာသစ်တာ နာရီဝက်၊အမွှေးအမျှင်ရိတ်တာ နာရီဝက်နဲ့ ​ရေချိုးတာက ၆ နာရီလောက်ကြာသွားတော့မယ် ဖယ်တော့ ငါအရင်ချိုးမယ် ဖယ်!"

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now