Z&U
တိမ်ထိပ်ရေမိုးချိုးပြီးလို့ ထမင်းပွဲပြင်နေတုန်း ဦးမော်နဲ့ကသူ့ သူငယ်ချင်းတွေယူလာတဲ့ စက်ကိုဖွင့်နေခြေပြီ။ မင်္ဂလာမဆောင်ခင်ညတော့ ရန်ကုန်မှာမဖွင့်ကြသော်ငြား ဒီမှာတော့ဖွင့်ဟန်တူသည်။ တိမ်ထိပ်လည်း ဘာမှမပြောတော့ ထမင်းတွေဟင်းတွေသားခူးပြီး ထမင်းစားပွဲတွင်သာ ထိုင်စောင့်နေလိုက်လေသည်။
"ဦးမော် ပြီးမှဖွင့်ပါလား ထမင်းအရင်လာစားလေ"
"ပြီးမှဆိုရင် ညဥ့်နက်သွားမှာစိုးလို့ သန်းခေါင်ရောက်ရင် ပိတ်ရမှာလေ အဲ့ဒါကြောင့် ခုဖွင့်မှာ"
စက်မဖွင့်ပါဘူး ပြောတုန်းကဦးမော်မဟုတ်တော့ခြေ။ ယခုတော့ဖြင့် ဦးမော်က စက်ဖွင့်ဖို့သာ တတ်ကြွနေလေရဲ့။ တိမ်ထိပ်လည်း ဘာမှမပြောတော့။ လုပ်ချင်တာလုပ်ပါစေ။
"ကျွန်တော်တို့ရွာ ရွာလယ်ပိုင်းက ရေထမ်းသမားကိုသာကျော်...... "
"ဦးမော်! မင်္ဂလာဆောင်ပါဆို ဘာရွာလယ်ပိုင်းက ကိုသာကျော်တုန်း"
တိမ်ထိပ်မှာ ထမင်းလုပ်လေး ပါးစပ်ထဲသွင်းမလို့လုပ်ရုံရှိသေး ကိုသာကျော်နှင့်လာတွေ့နေသည်မို့ ဦးမော်ကိုအော်ရပြန်သည်။ တကယ်ပဲ မင်္ဂလာဆောင်ပါဆို ဘာသီချင်းတွေဖွင့်သလဲမသိ။
"သူ့ဟာသူပွင့်လာတာဟ့ စွတ်ဆက်အော်မနေနဲ့ နားကန်းတော့မယ် ကျစ်"
ဦးမော်က တိမ်ထိပ်ကိုလှမ်းငေါက်ကာ သီချင်းထပ်ရွေးနေပြန်လေသည်။
"အကြွေးငါးထောင်ပြန်ပေး ငါ့အကြွေးငါးထောင်ပြန်ပေး"
"ဦးမော်!"
ထမင်းလုပ်ကိုပါးစပ်ထဲသွင်းလုဆဲဆဲ မနော၏အသံဆိုးဆိုးက နားထဲကိုးလိုးကန့်လန့် ဝင်လာသည်။ ဘယ်လိုတောင် ဒေါသထွက်စရာလဲ မင်္ဂဆောင်သီချင်းဖွင့်ပါဆိုနေ အကြွေးတောင်းတဲ့ သီချင်းကိုဖွင့်နေတယ်။
"အေးပါ အေးပါကွာ ပိတ်လိုက်ပြီဟုတ်လား မဖွင့်တော့ဘူး စက်သမားလာမှပဲဖွင့်တော့မယ် ရပြီလား"
"တစ်ခြားသီချင်းဖွင့်လေ မောင်နဲ့မေ ဂဟေဆက်လို့ ရွေလက်နှစ်ဖြာ ဘာညာသာရကာနေကြာကွာစိ စုံနေတဲ့သီချင်းတွေ မတွေ့ဘူးလား ဘာလို့ အကြွေးငါးထောင်ပြန်းပေးသီချင်းမှ ထဖွင့်ရတာလဲ"
YOU ARE READING
ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။
General Fictionတစ်ချို့ကတော့ မောင့်ကိုချစ်ဖို့ ..။ မွေးဖွားလာပါတယ်တဲ့။ တစ်ချို့ကတော့ ကိုယ့်ကိုချစ်ဖို့ မွေးဖွားလာပါတယ်ဆိုပြန်ကော။ တစ်ချို့ကတော့ ကိုကို့ကိုချစ်ဖို့ မွေးဖွားလာတယ်ဆိုပဲ။ မိုးတိမ်ထိပ်မော်ကတော့ ဦးမော်ကိုချစ်ဖို့ မွေးဖွားလာသည်ပေါ့။