Z&U
ကြာသပတေးနေ့ကျောင်းပိတ်သည့်အပြင် သောကြာနေ့က practical မရှိ၍ တိမ်ထိပ် ဗုဒ္ဓဟူးနေ့ကို ခွင့်ယူကာ အင်္ဂါနေ့ညနေကနေ ထွက်လာလိုက်သည်။ ဟိုရောက်ရင်တော့ ညဥ့်နက်တော့မည်။ ၅ နာရီထိုးနေသည့် နာရီကိုကြည့်ကာ ငြီးငြူလိုက်သည်။ suprise လုပ်ချင်သည့်စိတ်ဖြင့် ဦးမော်ဆီလည်း ဖုန်းမဆက်ချင်။
မုန့်မျိုးစုံဝယ်ကာ မုန့်ထုတ်ပတ်လည်ဝိုင်းနေသည့် တိမ်ထိပ်က အရင်တစ်ခေါက်ကလို အထုတ်တွေဖြင့် မဟုတ်သလို ရင်တွေလည်း လေးမနေပါ။ ယခုအခါ ကိုယ့်အိမ်ကို ပြန်ရသည့်ခံစားချက်မျိုး ဖြစ်နေ၏။
လှည်းကူးပြန်မည့် ဖယ်ရီကားကိုစောင့်ကာစီးသည်မို့ တစ်အိမ်ဝင်တစ်အိမ်ထွက်နှင့် ထင်ထားတာထက် ကြာသည်။ မီးပွိုင့်များသည်လည်း ဘယ်ဘုံးဘဝကတည်းက ပိတ်ချင်နေလဲ မသိပါခြေ။ ဟိုရောက်တော့ ၁၀ နာရီထိုးကာနီးနေပြီ။ လမ်းထိပ်က ဦးလေးကြီးကို တောင်းတောင်းပန်ပန်လိုက်ပို့ခိုင်း ရသည်။
တိတ်ဆိတ်နေသည့်အိမ်က စီးကြိုသည်မို့ တိမ်ထိပ်ခပ်ဖြည်းဖြည်းသာ ခြံဝန်းထဲဝင်လာရသည်။ မီးရောင်မိန်ပြပြကြောင့် ဦးမော်ရှိသည်ကိုတော့ သိ၏။
အိမ်ပေါ်ဖြည်းဖြည်းခြင်းတတ်ပြီး မြင်တွေ့လိုက်ရသည့် မြင်ကွင်းက မြင်မကောင်းပေ။အိမ်ဦးခန်းဘုရါးစင်ရှေ့တွင်တွင် ဦးမော်က အရက်ပုလင်းကိုခြ ကြက်ကျော်လေးကိုခြကာ ကစ်နေလေသည်။ တိမ်ထိပ်ဒေါသတစ်ကြီး လက်သီးတွေဆုပ်ပြစ်လိုက်သည်။ မအားလို့ပါ မအားလို့ပါနဲ့ သူမရှိချိန် ခွက်ပုန်းခုတ်နေ့သည့် ထိုလူကြီးကို တိမ်ထိပ်အပိုင်းပိုင်းဖြတ်ချင်လာသည်။
"ဦးလင်းမော်ဦး!"
ရုတ်တရက် အော်သံပြာပြာကြောင့် မော်ဦးအရက်ခွက်ကို တိုက်မိ၍ ခွက်ထဲက အရက်ဖြူအချို့က ဖိတ်စင်သွားသည်။ ရေချိန်မကိုက်တစ်ကိုက်ဖြစ်နေသော စိတ်ကတိမ်ထိပ်ကို လွမ်းလို့လားမသိ တိမ်ထိပ်အသံ နဲ့တူသလိုပဲ။
"ဘာလဲကွာ ဘယ်ကကောင်လဲ"
"ဘယ်ကကောင်ရမှာလဲ ခင်ဗျားလင်ပေါ့ ခင်ဗျားလင်!"
YOU ARE READING
ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။
General Fictionတစ်ချို့ကတော့ မောင့်ကိုချစ်ဖို့ ..။ မွေးဖွားလာပါတယ်တဲ့။ တစ်ချို့ကတော့ ကိုယ့်ကိုချစ်ဖို့ မွေးဖွားလာပါတယ်ဆိုပြန်ကော။ တစ်ချို့ကတော့ ကိုကို့ကိုချစ်ဖို့ မွေးဖွားလာတယ်ဆိုပဲ။ မိုးတိမ်ထိပ်မော်ကတော့ ဦးမော်ကိုချစ်ဖို့ မွေးဖွားလာသည်ပေါ့။