ပူစီနံ

1.9K 85 5
                                    

Z&U

မီးဖိုချောင်ထဲဝင်လိုက်ကတည်းက ပူစီနံနံ့ကထောင်းခနဲ။ မကြိုက်သော်ငြားလည်း ဦးမော်ကသုပ်နေသည်မို့ ဝင်ပြီးစပ်စုမိတာ တိမ်ထိပ်အလုပ်ရယ်။

"ဦးမော်ရာ ပူစီနံအနံ့ကဆိုးတာ အဲ့ဒါကိုဘယ်လို ကြိုက်ရတာတုန်း"

"မင်းက မစားဘူးလို့ကွ ပဲကြော်ကျွတ်ကျွတ်ရွရွလေးနဲ့ဆို ဘယ်လောက်တောင် ကောင်းလဲ မင်းလာမြည်းကြည့်"

"ပဲကြော်ကို ပူစီနံနဲ့ပဲ သုပ်ရတယ်လို့"

ဘေးနားက ပွစိပွစိလုပ်နေသော တိမ်ထိပ်အား မော်ဦးကြည့်မရတော့ခြေ။ ငရုပ်သီးလှီးနေတဲ့ ဓားရဲ့ဓားနှောင့်နဲ့ ကောက်သာထုပလိုက် ချင်သည်။ ငယ်ငယ်ကဆို ဒီကောင်လေး စကားများလွန်းလို့ ခေါင်းခေါက်ခံနေရလောက်ပြီ။ ခက်တာပဲ ကလေးတွေနဲ့။

"မင်းမကြိုက်လို့လေ တစ်ပီပီမလုပ်စမ်းနဲ့တိမ်ထိပ် ငါစိတ်မရှည်ဘူး မစားချင်လည်းနေ ငါလည်းမကျွေးဘူး"

"ဦးမော်က ဘယ်တုန်းက့စိတ်ရှည်လို့လဲ သားကိုဆို စကားကိုသုံးလေးခွန်းထက် ပိုပြောရရင်တောင် အမြဲဒေါသထွက်အော်ဟစ်နေပြီး ယောက်ျားငယ်ငယ်လေး ရထားတာ ဦးမော်အလိုလိုက်ရကောင်းမှန်းသိလား"

ရေခဲသေတ္တာထဲက ရေခဲစားနေတုန်း ဦးမော်ဆီက မခြေမငံစကားမှစ၍ တိမ်ထိပ်ကဆက်ကာဆက်ကာ ဒေါသထွက်တော့သည်။ ဘယ်တော့ဖြစ်ဖြစ် ဒေါသထွက်နိုင်လွန်းလှသော ဒေါသအိုးယောက်ျားကို ယူထားရတာ တိမ်ထိပ်လည်း ပင်ပန်းလှပါတယ်။

"အပိုတွေပါမလာနဲ့ မဆိုင်တာတွေမပြောနဲ့ ငါလည်းမင်းအကြိုက် ဆောင်နိုင်သမျှ ဆောင်နေတာပဲ"

"မဆောင်ဘူးလို့မပြောမိပါဘူး ​ဆောင်လည်း အဲ့အကြိုက်ထဲ ​ဒေါသကပိဿာဝက်လောက် ပါနေတာမလား"

"မင်းက ငါ့ဒေါသကို အမြဲလာစွနေတာပဲလေ ဟိုတာလေးလိုချင်လို့ ဟိုတာလေး ဟိုတာလေးမပြီးသေးဘူး ဒီတာလေး ဒီတာလေအပြင် အဲ့ဒါလေးတွေကရော မင်းကိုငါလုပ်မပေးလို့ ဘယ်သူလုပ်ပေးလဲ ဟမ်"

တစ်ယောက်တစ်ခွန်းဆီ အော်ဟစ်ရင်းအသံက တစ်ဆတစ်ဆ ကျယ်လောင်လာသည်။ မော်ဦး၏ ပူစီနံသုပ်ဖြစ်မဖြစ်တော့မသိ ရန်ပွဲကတော့ ဖြစ်နေပြီ။

ဦးမော်ကိုချစ်ဖို့မွေးဖွာလာပါတယ်.......။Where stories live. Discover now