Unicode
မင်းဓနရှိန် လည်း အခုနက သစ်ပင်အောက်မှာပဲ လေးခွတစ်ခုကိုင်ကာ စိတ်ပျက်ပျက်ဖြင့် ထိုင်နေသည့်အတွက် ကျော်လွင်လည်း ပုခုံးကိုပုတ်ကာ မင်းဓနရှိန် ၏ ခပ်ကွာကွာမှာ ဝင်ထိုင်လိုက်လေပြီးမှ
'' ဓန ခင်ဗျား အခုတလော ပုံမှန်မဟုတ်သလိုပဲ ဘယ်မှာအတွေးတွေလွင့်လို့နေတာလဲ "
ကျော်လွင်ကသာ စကားတွေတောက်လျှောက်ပြောနေသော်လည်း အနားကသူကတော့ တိမ်စိုင်တွေကိုကြည့်နေရင်းနှင့် အတွေးလွင့်နေသောကြောင့် ပုခုံးကို အသာပုတ်လေတော့ မော့ကြည့်လေကာ
'' ဘာလဲ ''
အကောင်းကြီးကနေ ဒေါသထွက်သည့် ပုံစံပေါက်နေသည့် မင်းဓနရှိန် ကြောင့် ကျော်လွင်လည်း တံတွေးအသာမျိုချရင်း
'' ဘာကို ဘာလဲလဲ ။ ပြီးတော့ ခင်ဗျား ကျုပ်ကိုကြည့်နေတာကလည်း မသိရင် သတ်တော့မယ့်အတိုင်း ''
ကျော်လွင်၏စကားကို မင်းဓနရှိန် တစ်ယောက် ခေါင်းခါရင်းနှင့်
'' အင်းပေါ့ ခင်ဗျားကြောင့် ကျုပ်တွေးနေလက်စ အတွေးပျောက်သွားတာလေ ''
''ခင်ဗျားက ဘာတွေးနေလို့တုန်း ''
ကျော်လွင်၏အမေးကိုကြားကြားချင်း မင်းဓနရှိန်၏ နှုတ်ခမ်းပါးဟာ အထက်သို့ကော့တက်သွားလေပြီးမှ
'' ဟိုကောင်လေး အကြောင်း ''
မျက်နှာပေါ်တွင် ဘယ်သောအခါမှ အပြုံးဆိုသည့်အရာကို မတွေ့ရသည့်ကောင်လေး၏မျက်နှာဟာ အခုတော့ ပြုံးဖြီးလို့နေရင်း ရင်ထဲက စကားကိုဆိုလာသည်ဖြစ်သည့်အတွက် ကျော်လွင့်မှာ ပြာပြာသလဲဖြစ်သွားပြီး
'' ဓန ခင်ဗျား ပြုံးလိုက်တယ် မဟုတ်လား ။ ပြီးတော့ ဟိုကောင်လေးအကြောင်းရော ဘာအတွက်ကြောင့်နဲ့ စဥ်းစားနေတာတုန်း''
'' ချစ်လို့ပေါ့ ''
ပြုံးပြုံးလေးနှင့်ထပ်၍ဖြေလာသော မင်းဓနရှိန်၏ အဖြေဟာ ဒီလိုမှန်း ကျော်လွင်က မထင်မှတ်ထားသောကြောင့် ကျော်လွင့်ဆိုသူမှာ ငုတ်တုတ်မေ့သလိုဖြစ်သွားလေပြီးမှ
YOU ARE READING
စိန်ပန်းနီနီ မောင့်ကိုတည်
Romanceမင်းဓနရှိန် + ခက်ရောင်ခြည် မိဘမေတ္တာကို သိပ်တောင့်တနေတဲ့ သူဋ္ဌေးသားလေး " မင်းဓနရှိန် '' ဆိုသူဟာ စိတ်ဒဏ်ရာတွေ ရှိခဲ့တဲ့ သူကြီးသား " ခက်ရောင်ခြည် '' ဆိုသည့် ကောင်လေး၏ ဘဝထဲကို ဇွတ်တရွတ်ဝင်လာလေသောအခါ 2/2/2022 ( Starts) Written By Both Fonts