Part - 1

9.1K 412 13
                                    

Unicode -----

The Emperor's Concubine { 1 }
.
.
.
.
.
.
.

" ပြေး...ပြေး...ပြေးကြ မိစ္ဆာဘုရင်ကြီးလာနေပြီ...ပြေး "

အသက် 30 အရွယ်ခန့်ရှိအသားညိုညိုလူကြီးကအော်ဟစ်ပြီး
တစ်ဖက်သို့ပြေးလှည့်ချိန်တွင်
လည်ပင်းထက် ချွန်ထက်သော ဓားတစ်လက်ရဲ့တိခနဲဖြတ်ချင်းကိုခံလိုက်ရသည်

" အားးးး "

" ဟင်...ဖေဖေ ....ဖေဖေ့ ကိုကယ်ပါဦး... အီးဟီး လူသတ်ကောင်ကြီး...
လူသတ်ကောင်ကြီး ဟီး "

ငါး နှစ်လောက်ရှိသောကလေးငယ်၏အော်သံစူးစူး တစ်ချက်

မြင်းပေါ်က အနီရောင်မျက်၀န်းတွေဖြင့်စိုက်ကြည့်နေသည့်သူ

တင်းခနဲအံကျိတ်ပစ်ပြီး သွေးတွေတစ်စက်ချင်းစီးကျနေဆဲ ဓားရှည်ဖြင့် ဇွက်ခနဲ ခုတ်ချလိုက်သည်

" အား!!!!!! "

ကလေးလေး၏ အော်သံစူးစူးတိတ်ကျသွားကာ
မြေပြင်ထက်ဖခင်ဖစ်သူပေါ် မှောက်လျက်သားကျသွားသည်

" သတ်...အားလုံးကိုသတ်....အားလုံးကိုသတ်...
ငါ့ကိုအာခံတဲ့ ...ဘယ်သူမဆို..ငါ့လောကမှာအသက်မရှင်ရဘူးမှတ်....သတ် "

မြင်းပေါ်တွင်ကျကျနနထိုင်ကာ
လက်ထဲကဓားကိုယ်စီကိုင်ထားသည်က
သွေးတွေစီးကျနေခဲ့သည်

စစ်သည်တော် အမြောက်အများ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့  ရပ်ရွာအပေါင်းအပါများအားလုံး
သနားစရာကောင်းလှသည်

" မလုပ်ပါနဲ့...ကျမသမီးလေးကို...မသတ်ပါနဲ့...အားးး !!! "

" တောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ အင့် "

မည်သူတစ်ဦးတစ်ယောက်၏ တောင်းပန်သျိုလျို သံတွေ ကို
ဂရုဏာကင်းမဲ့စွာမညှာမတာသတ်ဖြတ်နေကြတဲ့သူတွေက တစ်လောကလုံးသိထားတဲ့
မိစ္ဆာဘုရင် ဆိုသူ၏ အမိန့်တစ်ခွန်းအောက်
နာခံလျက်ရှိသူတွေကြီးသာဖစ်သည်

သေဆိုသေရှင်ဆိုရှင်ဆိုတဲ့အမိန့်အောက်
ပညာရည်ထူးချွန်သူတွေကပဲသူ့လက်အောက်မှာ နေရသူတွေဖစ်သည်

အမဲရောင်မြင်းပေါ်က လက်ညိုးညွှန်ပြီး အမိန့်ပေးသူ မိစ္ဆာဘုရင်ကြီးက
အပြုံးအရယ်ကင်းစင်လျက် အရာအားလုံးကို ဓားနဲ့ဖြေရှင်းတတ်သူ
စိတ်မရှည်သူ
အတ္တကြီးသူ
ရက်စက်သူ
ညှာတာမှုအင်မတန်မှ ကင်းမဲ့လွန်းတဲ့သူ
တစ်ဦးဖစ်သည်

The Emperor's Concubine ( U+Z ) [ Complete ]Where stories live. Discover now