Part - 14

1.6K 171 3
                                    

Unicode -----

The Emperor's Concubine { 14 }
.
.
.
.
.
.
.

တိတ်ဆိတ်နေတဲ့ ညချမ်းတစ်ညတွင်
Jimin လေးရဲ့ ငြီးသံတွေက
တိုးရှတယ်ဆိုပေမယ့် သူ့နားထဲကျယ်လောင်လွန်းလှသည်

နဖူးလေးကိုညှင်သာစွာထိတွေ့ကိုင်ကြည့်လိုက်တော့ သူမအသားတွေ မီးကျီခဲလို ပူကျစ်နေသည်

သမားတော်ကြီးကိုချက်ချင်းခေါ်ဆောင်ပြီး
သူမလေးကိုပြုစုခိုင်းခဲ့ကာ
သူကိုယ်တိုင်ရေပတ်တင်ပေးပြီး ဆောင်ထူထူလေးရင်ဘက်အထိခြုံပေးကာ သူဖက်ထားပြီးအိပ်သည်

တစ်နာရီခြားတစ်ခါ သူထထကြည့်ပြီး
ရေခြောက်သွားရင် ရေထပ်စွတ်ပြီး ရေကိုညှစ်ကာ နှဖူးပေါ်ထပ်တင်ပြီး ကိုယ်ပူစမ်းကြည့်သည်

လုံး၀ အပူကျသွားတာမျိုးမဟုတ်ပေမယ့်
ပထမထက်တော့ အပူကျသွားတာကြောင့်
စိတ်အနည်းငယ်သက်သာသွားရသည်

ထိုညကျ သူအိပ်ပျော်သွားမှာစိုး၍
အိပ်ငိုက်မိတိုင်း သူမလေးကိုထကြည့်ရသည်

တခြားသူတွေပြောတဲ့ ညတာရှည်တယ်ဆိုတာ ဒီညတော့သူလက်ခံလိုက်မိသည်

.
.
.

မိုးလင်းလို့ နေရောင်ခြည်က အခန်းဆောင်ထဲသို့ဖြာကျနေခဲ့ပေမယ့် Jimin အဖျားအရှိန်ကြောင့်...စောစောမနိုးခဲ့

ဆန်ပြုတ်ပူပူလေးပြုတ်ပေးပြီး ကိုယ်တိုင်ယူလာတော့ အပျင်းကျောဆန့်ပြီး
မျက်လုံးပြာလေးမပွင့်တပွင့် ဖွင့်လာသည့်
Min နဲ့ဆုံလိုက်မိပြီး ဆန်ပြုတ်ပန်းကန်ကို
သူမလက်ထဲထည့်လိုက်ကာ
နှဖူးလေးကို အသာစမ်းလိုက်၏

အဖျားလုံး၀မရှိတော့တာကြောင့် သူ့ရင်ထဲစို့နေတဲ့အလုံးကြီး အခုမှ ကျသွားရ၏

" အရှင် ဒါက "

" ပေး ကိုယ်တော် ခွံ့မယ် "

မျက်လုံးပြာလေးဝိုင်းစက်ပြပြီး
သွားလေးတွေပေါ်အောင် ဟွန်းခနဲ ပြုံးလိုက်သည်

" ဟို..min "

" အရင် ကုန်အောင်သောက်ပါဦး
ပြီးမှ စကားတွေအများကြီးပြော
ကိုယ်နားထောင်ပေးမှာပေါ့ဗျာ "

The Emperor's Concubine ( U+Z ) [ Complete ]Where stories live. Discover now