Part - 6

2.4K 225 9
                                    

Unicode -----

The Emperor's Concubine { 6 }
.
.
.
.
.
.
.

တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်၀န်းကျင်ကြီးတွင် ထူထည်တဲ့သစ်ပင်ထူထူကြီးအောက်၌
ထိုင်ခုံတစ်ခုရှိသည်

ထိုထိုင်ခုံထက်တွင် ပုဝါလေးနဲ့ အလှအပကိုအုပ်ကာထားတဲ့ တည်ကြည်ငြိမ်သက်တဲ့
Park Jimin အတွေးလေးတွေနဲ့ ငေးနေသည်

လေညှင်းများတဖြူးဖြူးတိုက်ခတ်လာကာ
သူမ မျက်နှာ လှလှလေးကို ကျီစယ်နေကြသည်

ဆံနွယ်တွေ နောက်က တွဲချီထားတဲ့ ပုဝါကြိုးစီးလေးက တင်းတင်းမာမာမို့
လေဝေ့သွားတိုင်း လစ်ဟမသွားချေ

Min အတွေးလေးတွေလွန်နေ၍ ပတ်၀န်းကျင်ကြီးကို မေ့လုနီးနီး ဖစ်လာခဲ့သည်

Min ကိုအဝေးကမြင်တဲ့သူတိုင်းကတော့
အိပ်ပျော်နေသလားအောက်မေ့ကြလိမ့်မည်

စီးတော်လှည်းကြီးနဲ့ကြွချီလာတဲ့ မိစ္ဆာဘုရင်
ဟစ်ကြွေးသံတွေ ပြိုင်တူထွက်လာတော့မှ
Jimin မျက်လွှာလေးရွေ့ကြည့်လိုက်သည်

ဘေးဘီက ကိုယ်ရံတော်တွေနဲ့ ခန့်ခန့်ညားညားကြွချီလာသူကထိုင်မှိုင်နေတဲ့ min လေးဆီ တည့်တည့်.....

ထရမလို ပြန်ပဲထိုင်ရမလိုနဲ့ ဗျာများနေစဉ်
သူကအနားရောက်လာပြီ ဖစ်သည်

Jimin ခေါင်းလေးအတော်နှိမ့်ချပြီး
ဒူးလေးနှိမ့်အရိုအသေပေးဖို့ပြင်လိုက်ရာ
လက်မောင်းလေးနှစ်ဖက်ကို ကြင်ကြင်နာနာလေး သူဆုတ်ကိုင်ကာ အတူထိုင်ဖို့ပြပြီး
သူထိုင်လိုက်သည်

အမူအရာနဲ့ဘေးမှာထိုင်ဖို့လုပ်ပြတော့
အင်တင်တင်လေးဖစ်နေပြီး
အနောက်လေး နည်းနည်း ဆုတ်လိုက်သည့်
Jimin ....

အရှင်က ဖျက်ခနဲ ပြန်လည်စောင့်ဆွဲလိုက်တော့
သူ့ပေါင်ပေါ် ယိုင်ကျသွားရလေသည်

" ဘာလို့ ကိုယ့်ကို ရှောင်နေတာလဲ
ရှောင်ရတဲ့ ရည်ရွယ်ချက်ကဘာလဲ !! "

သူ့ရင်ဘက်ပေါ်လက်ထောက်ထားလျက်အသာလေးမသိမသာရုန်းလိုက်တော့
ခါးသေးသေးလေးကနေ အတင်းပြန်ဆွဲဖက်လိုက်ရာ ရင်ခွင်ထဲအင့်ခနဲကျသွားလေသည်

The Emperor's Concubine ( U+Z ) [ Complete ]Tahanan ng mga kuwento. Tumuklas ngayon